Pages

Friday, March 6, 2015

လက်ရွေးစင် အဆင့်တွင် ရွေးချယ်ရန် ကိန်းကို စောင့်ကြည့်နေဆဲဟု ဟော့ဂ်ဆန်ပြောကြား



လက်ရွေးစင် အဆင့်တွင် ရွေးချယ်ရန် ကိန်းကို စောင့်ကြည့်နေဆဲဟု ဟော့ဂ်ဆန်ပြောကြား

တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်း အနေဖြင့် အင်္ဂလန် လက်ရွေးစင် အဆင့်တွင် ပါဝင်ရန် ခေတ္တ အချိန်စောင့်ရဦးမည်ဟု မန်နေဂျာ ရွိုင်ဟော့ဂ်ဆန်က ပြောကြားခဲ့သည်။

ဟော့ဂ်ဆန်က ကိန်းသည် လက်ရွေးစင် အဆင့်အတွက် ရွေးချယ်ခံရရန် အဆင်သင့် ရှိနေပြီဟု ယုံကြည်သော်လည်း အသင်းလူစာရင်းတွင် သေချာပေါက် နေရာပေးနိုင်မည်ဟု အာမမခံနိုင်ကြောင်း သတိပေးခဲ့သည်။ အင်္ဂလန်တွင် ဝိန်းရွန်နီ၊ ဒန်နီဝဲလ်ဘက်၊ ဒန်နီရယ်လ် စတားရစ်ဂ်ျ၊ ဆိုင်ဒိုဘီရာဟီနို၊ ရစ်ကီလမ်းဘတ်တို့ပါ တိုက်စ်စအတွက် ရှိနေရာ ကိန်းကို နေရာတစ်ခု ဖန်တီးပေးရန် ဆိုသည်မှာ ကစားသမား၏ အားထုတ်မှုအပေါ် မူတည်ကြောင်း အင်္ဂလန် မန်နေဂျာကြီးက မှတ်ချက်ပြုခဲ့သည်။

ယခုရာသီ စပါးအတွက် (၂၃)ပွဲတွင် (၁၄)ဂိုး သွင်းထားသည့် ကိန်းနှင့် ပတ်သက်ပြီး ဟော့ဂ်ဆန်က “ကိန်းက အဆင်သင့် ဖြစ်နေပါပြီ။ ဒါပေမဲ့ တစ်နည်းအားဖြင့် အဆင်သင့် မဖြစ်သေးဘူး။ သူဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေမှာတော့ စပါးအတွက် ပွဲများများ ကစားပြီး ဂိုးတွေအများကြီး သွင်းမပြထားနိုင်သေးဘူး။ ဒီအချက်ဟာ ကစားသမားရဲ့ အရည်အသွေးကို ချိန်ဆ စဉ်းစားရာမှာ အရေးပါတဲ့ ကဏ္ဍတစ်ခုလည်း ဖြစ်နိုင်တယ်။ ကိန်းလို ကစားသမားတစ်ယောက် အသင်းကို ရောက်လာပြီဆိုရင် အသင်းက လူတစ်ယောက်က နေရာဖယ်ပေးရမှာပဲ။ ကံဆိုးစွာနဲ့ပဲ လူတိုင်းကိုတော့ အသင်းမှာ နေရာမပေးနိုင်ဘူးလေ။ ကျွန်တော်တို့ဟာ (၂၃)ယောက်၊ (၂၄)ယောက်စာ ရွေးချယ်မှု အတွက်ပဲ စဉ်းစားရမှာပါ”ဟု ဆိုသည်။

၎င်းက “ဒါကျွန်တော့်အတွေး အမှန်ပါပဲ။ ကိန်းဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း အသင်းကြီး တစ်ခုမှာ ဂိုးတွေအများကြီး သွင်းနေနိုင်သင့်ပါတယ်။ သူလို ကစားသမားမျိုးကို ခေါင်းထဲ ထည့်မထားဘူးဆိုရင် တော်တော် ထူးဆန်းနေမှာပေါ့။ ကျွန်တော် သူ့ကို အင်္ဂလန် အသက်(၂၁)နှစ်အောက် အဆင့်မှာကတည်းက သိထားပြီးသားပါ။ ကိန်းရဲ့ တိုးတက်ဖြစ်ထွန်းမှုတွေအတွက် ကျွန်တော် ဝမ်းသာမိပါတယ်။ လာမယ့် လကုန်ပိုင်းမှာ အင်္ဂလန် လူစာရင်းကို ကျွန်တော် ရွေးချယ်မှာဖြစ်ပြီး အဲဒီကျ သူပါလာမလား ဆိုတာကို စောင့်ကြည့်တာပေါ့”ဟု ပြောကြားသွားသည်။

Soccer Myanmar

No comments:

Post a Comment