Pages
▼
Friday, March 6, 2015
ဂျူဗင်းတပ်စ်မှ ပေါ့ဂ်ဘာ ထွက်ခွာရန် မသေချာဟု အေးဂျင့်ပြောကြား
ဂျူဗင်းတပ်စ်မှ ပေါ့ဂ်ဘာ ထွက်ခွာရန် မသေချာဟု အေးဂျင့်ပြောကြား
မန်ချက်စတာ ယူနိုက်တက်အပြင် အခြားဥရောပ ကလပ်များထံမှ စိတ်ဝင်စားမှုကို ရရှိနေသော်လည်း ဂျူဗင်းတပ်စ်မှ ပေါလ်ပေါ့ဂ်ဘာ သေချာပေါက် ထွက်ခွာမည်ဟု အာမမခံနိုင်ကြောင်း အေးဂျင့်ဖြစ်သူက သတိပေးခဲ့သည်။
ပြင်သစ်လက်ရွေးစင် ကွင်းလယ် ကစားသမားကို နွေရာသီတွင် ခေါ်ယူသွားရန် အသင်းဟောင်း ယူနိုက်တက်အပြင် PSG၊ ရီးယဲလ်မက်ဒရစ် အစရှိသည့် အသင်းများကပါ ဆန္ဒရှိနေသော်လည်း ပေါ့ဂ်ဘာသည် ဂျူဗင်းတပ်စ်တွင် အနာဂတ် ဆက်လက် မြှုပ်နှံသွားနိုင်ခြေလည်း ရှိနေကြောင်း အေးဂျင့် မိုင်နို ရိုင်အိုလာက ဆိုသည်။ အသက်(၂၁)နှစ်ရှိ ပေါ့ဂ်ဘာသည် (၂၀၁၂)ခုနှစ်တွင် ယူနိုက်တက်မှ ထွက်ခွာပြီး စီးရီးအေ ချန်ပီယံ အသင်းနှင့် စာချုပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် (၂၀၁၉)ခုနှစ်ထိ သက်တမ်းရှိမည့် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၇၀၀၀၀)တန် စာချုပ်ကိုလည်း သက်တမ်းတိုး ချုပ်ဆိုထားသည်။
မည်သို့ပင်ဖြစ်စေ နွေရာသီတွင်မူ ပေါ့ဂ်ဘာသည် တူရင်ကို ကျောခိုင်းကာ ဥရောပ ထိပ်တန်းအသင်း တစ်ခုသို့ ကူးပြောင်းဖြစ်မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည်။ ယင်းနှင့် ပတ်သက်ပြီး ရိုင်အိုလာက “ပြင်သစ်လီဂူးဝမ်း ပြိုင်ပွဲနဲ့ PSGလို အသင်းမျိုးဟာ ပေါ့ဂ်ဘာလို ကစားသမားမျိုးအတွက် လုံလောက်တဲ့ ခမ်းနားကြီးကျယ်မှု မရှိသေးပါဘူး။ အသင်းကြီး တော်တော်များများက ပေါ့ဂ်ဘာကို စိတ်ဝင်စားနေပါတယ်။ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်၊ စပိန်နဲ့ အီတလီ လိဂ်တွေကို ကျွန်တော်တို့ လေးစားပါတယ်။ လူတိုင်းကတော့ ပေါ့ဂ်ဘာဟာ ဂျူဗင်းတပ်စ်ကို စွန့်ခွာတော့မယ်လို့ ထင်နေကြတယ်။ ဒီကိစ္စ တကယ် သေချာပေါက် ဖြစ်မယ်လို့တော့ အာမမခံနိုင်ပါဘူး”ဟု ဆိုသည်။
၎င်းက “ကိစ္စတိုင်းဟာ ပေါ့ဂ်ဘာ ကိုယ်တိုင်အပေါ်မှာပဲ မူတည်နေတယ်။ နောက်ပြီး ဂျူဗင်းတပ်စ်က ဘာလိုချင်သလဲ ဆိုတာရောပေါ့။ တကယ်လို့ အသင်းက ထွက်သင့်တဲ့အချိန် ရောက်ပြီဆိုရင်တော့ ကျွန်တော်တို့ ထွက်ဖို့ စဉ်းစားမှာပါပဲ”ဟုလည်း ပြောကြားသွားသည်။
Soccer Myanmar
No comments:
Post a Comment