Pages

Thursday, March 5, 2015

ပေါ်တိုခံစစ်မှူး ဒန်နီလိုကို ရီးယဲလ် ခေါ်ယူနိုင်ရန် နီးစပ်နေ



ပေါ်တိုခံစစ်မှူး ဒန်နီလိုကို ရီးယဲလ် ခေါ်ယူနိုင်ရန် နီးစပ်နေ

နွေရာသီတွင် ပေါ်တိုခံစစ်မှူး ဒန်နီလိုကို ခေါ်ယူနိုင်ရန် ရီးယဲလ်မက်ဒရစ် အသင်းက ယုံကြည်မှု အားကောင်းကောင်း ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

မန်ချက်စတာ ယူနိုက်တက်၊ ဘာစီလိုနာနှင့် PSGကဲ့သို့ ဥရောပထိပ်သီး အသင်းများက အသက်(၂၃)နှစ်အရွယ် ဘရာဇီးလ် ညာနောက်ခံလူကို စိတ်ဝင်စားမှု ပြသနေသည့်တိုင် ရီးယဲလ်က အလားအလာ အကောင်းဆုံး အခြေအနေတွင် ရှိနေကြောင်း သိရသည်။ ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ်သည်လည်း ဒန်နီလို၏ အနေအထားကို စောင့်ကြည့်နေသည်ဟု ယူဆရသည့်တိုင် လက်ရှိ ဥရောပချန်ပီယံ ရီးယဲလ်က ပေါင်စတာလင် (၂၇)သန်းဖြင့် အပြီးသတ် ဝယ်ယူနိုင်ခြေ များပြားလျက် ရှိသည်။

စပိန်ထိပ်တန်း ကလပ်အသင်းကြီးသည် နွေရာသီတွင် ဒန်နီလိုကို ဘာနေဗျူးသို့ အားဖြည့် ခေါ်ယူသွားရန် အကြိုသဘောတူညီမှုတစ်ရပ် ရရှိပြီးပြီဟုပင် ယူဆရသည်။ ဒန်နီလို၏ စာချုပ်သက် (၁၆)လမျှသာ သက်တမ်းကျန်ရှိနေပြီး ပေါ်တိုကလည်း ကစားသမားကို သက်တမ်းတိုး စာချုပ်ပြီး ဆက်လက် ထိန်းသိမ်းထားနိုင်ရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။ သို့သော်လည်း ဒန်နီလို၏ အေးဂျင့်သည် ရီးယဲလ် တာဝန်ရှိသူများနှင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း တွေ့ဆုံခဲ့သလို နွေရာသီတွင် အသင်းပြောင်းရန် ပေါ်တိုမှ တာဝန်ရှိသူများထံ ချဉ်းကပ် ဆွေးနွေးသွားဖွယ် ရှိနေကြောင်း သိရသည်။

Soccer Myanmar

No comments:

Post a Comment