Pages

Wednesday, March 4, 2015

ချယ်ဆီးတွင် မိမိ၏အနာဂတ် ဆက်ရှိနေရန် တိုက်ပွဲဝင်နေကြောင်း တယ်ရီ ပြောကြား



ချယ်ဆီးတွင် မိမိ၏အနာဂတ် ဆက်ရှိနေရန် တိုက်ပွဲဝင်နေကြောင်း တယ်ရီ ပြောကြား

အသင်းတွင် မိမိ၏ အနာဂတ် ဆက်လက်ရှိနေရန်အတွက် တိုက်ပွဲဝင်နေကြောင်း ချယ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီက ပြောကြားလိုက်သည်။

အင်္ဂလန် ဗဟိုနောက်ခံ ကစားသမားဟောင်းသည် ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ခြေစွမ်းကောင်းများ ဆက်လက်ပြသနိုင်ခဲ့ပြီး တနင်္ဂနွေနေ့က လိဂ်ဖလား ဗိုလ်လုပွဲတွင် တော့တင်ဟမ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင်လည်း ချယ်ဆီးအတွက် ဂိုးသွင်းယူခဲ့ကာ ဟိုဆေးမော်ရင်ဟို၏ အသင်းက ယခုနှစ် ဘောလုံးရာသီ ပထမဦးဆုံး ဆုဖလားကို ရရှိခဲ့သည်။ သို့သော်လည်း မိမိနှင့် ချယ်ဆီး၏ အနာဂတ်သည် မသေချာ မရေရာသည့် အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း ယခုနှစ် ဘောလုံးရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့် တယ်ရီက ဆိုခဲ့သည်။

“ကျွန်တော် အပြင်းအထန် ကြိုးစားရင် နောက်ထပ် နှစ်အနည်းငယ် ထပ်ကစားနိုင်တယ်လို့ မန်နေဂျာက ပြောခဲ့ပါတယ်။ ဒါပေမဲ့ အသင်းမှာက ငယ်ရွယ်ပြီး ကျွန်တော့်နေရာအတွက် စိန်ခေါ်နိုင်တဲ့ ကစားသမားတွေ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်က ကျွန်တော့် အနာဂတ်နဲ့ ကျွန်တော့် မိသားစုအတွက် တိုက်ပွဲဝင်နေပါတယ်။ အသင်းမှာ ဘယ်လောက် ဆက်နေရမလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ဒီနှစ်က ကျွန်တော့်အတွက် နောက်ဆုံး ဖြစ်ခဲ့မယ်ဆိုရင်တောင် ကျွန်တော်က အသင်းအတွက် အရာအားလုံး ပေးဆပ်သွားမှာပါ” ဟု တယ်ရီက ပြောကြားခဲ့သည်။

Soccer Myanmar

No comments:

Post a Comment