ချယ်လ်ဆီးနှင့်အောင်
ပွဲမခံမီ ဇနီးသည် ထံမော်ရင်ဟို ဖုန်းအရင်ဆက်
Written
by ဝေဘုန်းလူ
ချယ်လ်ဆီး
အသင်းကို ကိုင်တွယ် သည့်ဒုတိယနှစ် တွင်ပထမ ဆုံးဆုဖလား ရယူနိုင် ခဲ့ပြီးနောက် နည်းပြမော်ရင်ဟိုသည်
ဇနီးဖြစ်သူထံ ချက်ချင်း ဖုန်းဆက် ကာအောင်ပွဲခံ ခဲ့သည်။
မော်ရင်ဟို
အနေဖြင့် ချယ်လ်ဆီး သို့ပြန်လည်ရောက် ရှိပြီး ၉၁၄ ရက်အကြာတွင်မှ ကက်ပီတယ် ၀မ်းဖလား
ဗိုလ်လုပွဲတွင် စပါးကို၂-၀ ဂိုးဖြင့် အနိုင်ရပြီး ဖလား တစ်လုံးရ ယူနိုင် ခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီး ကစားသမား များအောင်ပွဲ ခံနေချိန် တွင်မော်ရင်ဟို ကနေအိမ်တွင် ရလဒ်စောင့်မျှော်နေသော
ဇနီးဖြစ်သူ ထံဖုန်း ဆက်အကြောင်း ကြားရေးကိုသာ အာရုံစိုက်ခဲ့ခြင်း လည်းဖြစ်သည်။
“ကျွန်တော့်
ဇနီးကို ဖုန်းခေါ် ခဲ့တယ်။ ရလဒ် ကို သူမသိဘူး။ ကွင်းထဲမှာ ကျွန်တော့်သား နဲ့သမီး ရှိနေပေမယ့်
ဇနီးဖြစ် သူကအိမ်မှာ ကျန်ခဲ့ပါတယ်။ ပြီးတော့ဂိုး ရလဒ်ကိုလည်း ကျွန်တော်ဖုန်း ဆက်တဲ့
အချိန်ထိ မသိသေးဘူး”ဟု စိတ်လှုပ်ရှားနေ သည့်မော်ရင်ဟိုက ရှင်းပြခဲ့သည်။
ချယ်လ်ဆီး
အသင်းနှင့် ခုနှစ်ကြိမ်မြောက် ဆုဖလားကို ရယူနိုင် ခဲ့ခြင်းဖြစ်သော်လည်း ကက်ပီ တယ်ဝမ်း
ဖလား ရခြင်းမှာ၎င်းကို ကလေး တစ်ယောက် လိုတစ် ဖန်ပြန်ခံစား ရသည်ဟု လည်းမော်ရင်ဟို က၀န်ခံ
ခဲ့သည်။
“ကလေး တစ်ယောက်
လိုပဲပျော်ရွှင် ခံစားရ ပါတယ်။ ဒီပွဲမတိုင်ခင် ကလည်းနှစ် များစွာတုန်းက ကျွန်တော့်ရဲ့ ပထမဆုံး ဆုဖလား အတွက် ရင်ခုန်ရ သလိုမျိုး ခံစားခဲ့
ရသေးတယ်” ဟုမော်ရင်ဟို ကဆိုခဲ့သည်။ ချယ်လ်ဆီးအသင်းသည် လန်ဒန်ပြိုင်ဘက်စပါးအသင်းကို
တယ်ရီ၊ စပါးကစား သမားဝေါ့ကာ ကိုယ့်ဂိုးကိုယ် သွင်းယူသောဂိုး တို့ဖြင့် အနိုင်ရ ခဲ့ခြင်းဖြစ်သည်။
Ref:
Daily Mail
Mizzima
No comments:
Post a Comment