Pages
▼
Saturday, March 14, 2015
လေဗာကူဆင်၏ တည်ကန်ဘော စပယ်ရှယ်လစ် လူငယ် ကစားသမားကို အာဆင်နယ်နှင့် မန်စီးတီး အပြိုင်စောင့်ကြည့်နေ
လေဗာကူဆင်၏ တည်ကန်ဘော စပယ်ရှယ်လစ် လူငယ် ကစားသမားကို အာဆင်နယ်နှင့် မန်စီးတီး အပြိုင်စောင့်ကြည့်နေ
အာဆင်နယ်နှင့် မန်ချက်စတာ စီးတီးတို့သည် ဘေယာလေဗာကူဆင် အသင်း၏ တည်ကန်ဘော စပယ်ရှယ်လစ်အဖြစ် နာမည်ကြီးသူ လူငယ် ကစားသမား တစ်ဦးအား အပြိုင်ချိတ်ဆက်နေကြောင်း သိရသည်။
အသက်(၂၁)နှစ် အရွယ်ရှိ တူရကီ လက်ရွေးစင် ကွင်းလယ်တိုက်စစ်သမားလေး ဟာကန် ကယ်လ်ဟာနိုဂလူကို အင်္ဂလန် ထိပ်တန်းကလပ် နှစ်ခုစလုံးက မျက်စိကျနေသည်။ ပြစ်ဒဏ်ဘောများကို ဂိုးအဖြစ် ကိုယ်တိုင် သွင်းယူနိုင်သော ကယ်လ်ဟာနိုဂလူသည် ယခုရာသီတွင် အသင်းအတွက် သွင်းဂိုးငါးဂိုးထိ ရယူပေးထားသည်။ ၎င်းသည် နွေရာသီတွင် ဟမ်းဘာ့ဂ်အသင်းမှ ပြောင်းရွှေ့လာပြီးနောက် တောက်လျှောက် ခြေစွမ်းတက်လာသလို ချန်ပီယံလိဂ် ဝင်ခွင့်အတွက် မျှော်လင့်နေသည့် လေဗာကူဆင် အသင်းအတွက်လည်း အားအထားရဆုံး ကစားသမားတစ်ဦး ဖြစ်လာသည်။
၎င်း၏ ခြေစွမ်းပြမှုများသည် အာဆင်နယ်၏ လူသစ်စုဆောင်း ရှာဖွေရေး ကင်းထောက်များ၏ အာရုံကို တစ်စထက်တစ်စ ဆွဲဆောင်လာနိုင်ခဲ့သည်။ တစ်ဖက်တွင် မန်စီးတီးကလည်း ကင်းထောက်များ စေလွှတ်ပြီး ကယ်လ်ဟာနိုဂလူ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်လျက် ရှိသည်။ ကယ်လ်ဟာနိုဂလူသည် တည်ကန်ဘောများ ကန်သွင်းခြင်းနှင့် ကန်တင်ပေးပို့ခြင်းတို့တွင် အဓိက ပင်ကိုအခံ ပါရမီ ပြည့်ဝသူ တစ်ဦးဖြစ်ပြီး ၎င်းကို ဂျာမန်ကလပ် အချို့ကလည်း စောင့်ကြည့်နေကြောင်း သိရှိရသည်။
Soccer Myanmar
No comments:
Post a Comment