Pages
▼
Saturday, March 14, 2015
ဖီအိုရင်တီးနားကို ရိုးမား အနိုင်ရခဲ့သင့်ကြောင်း ဂါစီယာ ပြောကြား
ဖီအိုရင်တီးနားကို ရိုးမား အနိုင်ရခဲ့သင့်ကြောင်း ဂါစီယာ ပြောကြား
ဖီအိုရင်တီးနား တစ်ဂိုးစီ သရေကျခဲ့သည့် ယူရိုပါလိဂ် နောက်ဆုံး ၁၆ သင်းအဆင့် ပထမအကျော့တွင် ရိုးမားအသင်း အနေဖြင့် အနိုင်ရရှိခဲ့သင့်ကြောင်း အသင်းနည်းပြ ရူဒီဂါစီယာက ပြောကြားလိုက်သည်။
အဆိုပါ ပွဲစဉ်တွင် အီလီဆစ်က ၁၇ မိနစ်တွင် ဖီအိုရင်တီးနားအတွက် အဖွင့်ဂိုး ရယူခဲ့ပြီးနောက် ၃၀ မိနစ်တွင် ကီတာက ရိုးမားအတွက် ချေပဂိုး သွင်းယူခဲ့သည်။ ထို့နောက်တွင် အယ်လ်ဂျာဂျစ်က ပင်နယ်တီ လွဲချော်ခဲ့သည်။
ကီတာ၏ ချေပဂိုးသည် ရိုးမားအတွက် အရေးပါသည့် အဝေးဂိုး ဖြစ်ခဲ့သော်လည်း အသင်းအနေဖြင့် ဖီအိုရင်တီးနားကို အနိုင်ရခဲ့သင့်ကြောင်း ဂါစီယာက ဆိုခဲ့သည်။
“ကျွန်တော်တို့က အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့တာပါ။ ဒီပွဲကို အနိုင်ရဖို့အတွက် အခွင့်အရေး အများကြီး ရခဲ့ပါတယ်။ ပထမပိုင်း မိနစ် ၂၀ လောက်အထိ ကျွန်တော်တို့ အခက်တွေ့ခဲ့ရပေမယ့် အဲ့ဒီနောက်မှာတော့ သူတို့ကို အခက်တွေ့စေခဲ့ပါတယ်။ နောက်ပြီး အရေးပါတဲ့ အဝေးဂိုး တစ်ဂိုးကိုလည်း ကျွန်တော်တို့ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယအကျော့မှာ အဝေးဂိုးနဲ့ နောက်တစ်ဆင့် တက်နိုင်ဖို့အတွက်ပဲ ကျွန်တော်တို့ အာရုံမစိုက်သင့်ပါဘူး။ အသင်းအနေနဲ့ နိုင်ပွဲရရှိအောင် ကြိုးစားရပါမယ်။ ဒီနေ့ပွဲရဲ့ နောက်ဆုံး ၇၀ မိနစ်မှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဂျူဗီနဲ့ ကန်ခဲ့တဲ့ ရိုးမားရဲ့ ခြေစွမ်းကို တွေ့ခဲ့ရပါတယ်။ ဒီနေ့ပွဲမှာ အသင်းရဲ့ ခြေစွမ်းပိုင်း ကောင်းမွန်ခဲ့ပေမယ့် အနိုင်ရလဒ်ကို ရယူခဲ့သင့်ပါတယ်” ဟု ဂါစီယာက ပြောကြားခဲ့သည်။
Soccer Myanmar
No comments:
Post a Comment