Pages

Tuesday, March 3, 2015

အသက် မပြည့်သေးသည့် မိန်းကလေးနှင့် လိင်ဆက်ဆံမှု အတွက် အဖမ်း ခံရသည့် ဂျွန်ဆင် အာမခံဖြင့် ပြန်လွတ်



အသက် မပြည့်သေးသည့် မိန်းကလေးနှင့် လိင်ဆက်ဆံမှု အတွက် အဖမ်း ခံရသည့် ဂျွန်ဆင် အာမခံဖြင့် ပြန်လွတ်

အသက် မပြည့်သေးသည့် မိန်းကလေးငယ် တစ်ဦးနှင့် လိင်ဆက်ဆံခဲ့ကြောင်း သံသယ ရှိမှုဖြင့် အဖမ်းခံထားရသည့် ဆန်းဒါးလန်း တောင်ပံလူ အဒမ်ဂျွန်ဆင်ကို ရဲတပ်ဖွဲ့က အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

ပီတာလီရှိ ရဲစခန်းရှေ့တွင် သတင်းလာယူသော မီဒီယာသမားများအား ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက အင်္ဂလန် ကစားသမားသည် အာမခံဖြင့် အိမ်ပြန်ခွင့် ရသွားပြီဖြစ်ပြီး ရဲစခန်း အချုပ်ထဲတွင် မရှိတော့ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ ဆန်းဒါးလန်း အသင်းသည် အသက်(၁၆)နှစ် မပြည့်သေးသည့် မိန်းကလေးနှင့် လိင်ဆက်ဆံခဲ့ကြောင်း စွဲချက်အတွက် ဖြေရှင်းမှု အပြီးမသတ်နိုင်မချင်း ဂျွန်ဆင်ကို ပွဲကစားခွင့် ဆိုင်းငံ့ထားမည်ဟု ကြေညာသည်။ ဂျွန်ဆင်သည် အသက်(၁၅)နှစ် အရွယ်ရှိ မိန်းကလေး တစ်ဦးနှင့် ပျော်ပါးခဲ့ကြောင်း စွပ်စွဲခံထားရသည်။

ဆန်းဒါးလန်းက ကြေညာချက် ထုတ်ပြန်ရာတွင် “ဂျွန်ဆင် အနေနဲ့ ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုတွေ ခံယူနေတဲ့ အတောအတွင်း အသင်းက သူ့ကို ပွဲကစားခွင့် ဆိုင်းငံ့ထားမှာပါ။ ဒါကလွဲရင် လောလောဆယ်မှာ ဘာမှတ်ချက် ပေးစရာမှ မရှိသေးပါဘူး”ဟု ဖော်ပြထားသည်။ ဆန်းဒါးလန်းသည် အင်္ဂါနေ့တွင် ဟူးလ်စီးတီးနှင့် သွားရောက်ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ဂျွန်ဆင်ကို ခေါ်ဆောင်သွားမည် မဟုတ်ချေ။ ဂျွန်ဆင်သည် ယခုနှစ် အစောပိုင်းက သားဦးလေး မွေးဖွားထားပြီး တနင်္လာနေ့တွင် ယခုအမှုအတွက် နေအိမ်၌ အဖမ်းခံရခြင်းဟု The Sun သတင်းစာက ဖော်ပြခဲ့သည်။

Soccer Myanmar

No comments:

Post a Comment