Pages

Saturday, March 7, 2015

အန်ဆယ်လော့တီကြောင့် မက်ဒရစ်ထံ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း ခရူးစ် ဖွင့်ဟ



အန်ဆယ်လော့တီကြောင့် မက်ဒရစ်ထံ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း ခရူးစ် ဖွင့်ဟ

၂၀၁၄-၁၅ ဘောလုံးရာသီ မတိုင်မီတွင် ဘိုင်ယန်မြူးနစ်မှ ရီးယဲမက်ဒရစ်သို့ ပြောင်းရွှေ့ခဲ့ခြင်း၏ ဆုံးဖြတ်ချက်တွင် ကာလို အန်ဆယ်လော့တီက အဓိက အကြောင်းအရာတစ်ရပ် အနေဖြင့် ပါဝင်ခဲ့ကြောင်း တိုနီခရူးစ်က ထုတ်ဖော် ပြောကြားလိုက်သည်။
ဂျာမနီ လက်ရွေးစင် ကစားသမားသည် ဘိုင်ယန်မြူးနစ်တွင် ပပ်ဂွာဒီယိုလာနှင့် ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် အန်ဆယ်လော့တီရှိရာ ဆန်တီယေဂို ဘာနေဗျူးသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။
“အန်ဆယ်လော့တီက ကျွန်တော် ဒီကိုရောက်လာရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တစ်ခု မချခင် နည်းပြနဲ့ စကားပြောတာက သာမန်ကိစ္စပါ။ သူက ကျွန်တော့်ကို အပေါင်းလက္ခဏာ ထင်မြင်ချက် ပေးခဲ့ပါတယ်။ ကျွန်တော်နဲ့ဆိုရင် မက်ဒရစ်က ပိုတောင့်တင်း လာလိမ့်မယ် လို့လည်း ပြောခဲ့ပါတယ်။ သူနဲ့ စကားပြောရတာ သိပ်ကိုကောင်းခဲ့ပါတယ်။ သူက ကျွန်တော်နဲ့ သိပ်အကျွမ်းတဝင်မရှိတဲ့ နေရာအတွက် ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ ပေးအပ်ခဲ့တာပါ။ အခုတော့ ဒီနေရာမှာ ကစားရတာကို နှစ်သက်နေပါပြီ။ ကျွန်တော်တို့ ဆက်ဆံရေးကလည်း ကောင်းမွန်တဲ့ အနေအထားမှာ ရှိပါတယ်။ ပွဲတစ်ပွဲ မစခင် ကျွန်တော်တို့ ဆွေးနွေးမှုတွေ ပြုလုပ်ကြပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်ရမယ့် ပြိုင်ဘက်အသင်းကို ဘယ်လိုချဉ်းကပ်ရမလဲဆိုတာနဲ့ စပ်လျဉ်းပြီး ဆွေးနွေးကြပါတယ်။ ကျွန်တော်က အသင်းတိုင်းရဲ့ အကြောင်းကို သိပ်မသိသေးခင်မှာ သူက သေချာရှင်းပြပေးခဲ့ပါတယ်” ဟု ခရူးစ်က ပြောကြားခဲ့သည်။ ခရူးစ်သည် ယခုနှစ် ဘောလုံးရာသီတွင် ပြိုင်ပွဲအရပ်ရပ်၌ ၃၉ ပွဲ ကစားပြီး တစ်ဂိုး သွင်းယူထားသည်။

Soccer Myanmar

No comments:

Post a Comment