Pages

Saturday, March 7, 2015

အမ်ရီကန်သည် ကမ္ဘာ့အဆင့် ကစားသမားတစ်ဦး ဖြစ်လာနိုင်ကြောင်း ရော်ဂျာ ပြောကြား



အမ်ရီကန်သည် ကမ္ဘာ့အဆင့် ကစားသမားတစ်ဦး ဖြစ်လာနိုင်ကြောင်း ရော်ဂျာ ပြောကြား

လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော်ဂျာသည် ဘန်လေကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင် ခြေစွမ်းပြသခဲ့သည့် ဂျော်ဒန် ဟန်ဒါဆန်နှင့် အမ်မရီကန်တို့အား ချီးကျူးပြောကြားမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ပွဲတွင် ဟန်ဒါဆန်သည် အသင်းအတွက် အဖွင့်ဂိုး သွင်းယူခဲ့ပြီး ဒန်နီရယ် စတားရစ်ခ်ျက ဒုတိယဂိုး သွင်းယူခဲ့သည်။ “ဂျော်ဒန်ရဲ့ ကန်ချက်က အရမ်းကို ပြင်းထန်ခဲ့ပါတယ်။ ဒီဂိုးကပဲ သူ့အတွက် ယုံကြည်မှုတွေ ပိုမိုတိုးပွားစေခဲ့ပါတယ်။ သူ့ရဲ့ ခြေစွမ်းက တိုးတက်လာသလို ပိုပြီးလည်း ရင့်ကျက်လာပါတယ်။ ဘောလုံးပေးပို့ပုံကလည်း တိုးတက်လာပါတယ်။ သူ့အနေနဲ့ ဒီအသင်းရဲ့ စစ်မှန်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ပါတယ်” ဟု ရော်ဂျာက ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဘန်လေနှင့် ပွဲတွင် ခြေစွမ်းပြသခဲ့သည့် အသက် ၂၁ နှစ်အရွယ် ကန်အနေဖြင့် ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက် ဖြစ်လာနိုင်ကြောင်း ရော်ဂျာက ထောက်ခံ ပြောကြားခဲ့သည်။ဘိုင်ယန်လီဗာကူဆင် လူငယ် ကစားသမားဟောင်းသည် ဗုဒ္ဓဟူးနေ့က ဗဟိုနောက်ခံ ကစားသမားတစ်ဦး အနေဖြင့် ပါဝင်ကစားခဲ့ပြီးနောက်တွင် ညာတောင်ပံ ကစားသမား အနေဖြင့် ပြောင်းလဲ ကစားခဲ့သည်။

“သူ့ကို အချိန်နည်းနည်း ထပ်ပေးလိုက်မယ်ဆိုရင် သူ့အနေနဲ့ ကမ္ဘာပေါ်က ဘယ်အသင်းမှာမဆို ကစားနိုင်ပါလိမ့်မယ်။ သူက ခံစစ်ပိုင်းမှာ တောင့်တောင့်တင်းတင်း လျင်လျင်မြန်မြန်နဲ့ ကစားနိုင်သလို ကွင်းလယ်မှာလည်း ဉာဏ်ကို အသုံးချပြီး ကစားနိုင်သူပါ။ သူ့အနေနဲ့ ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ရော်ဂျာက ပြောကြားသွားခဲ့သည်။

Soccer Myanmar

No comments:

Post a Comment