Pages

Saturday, March 7, 2015

တစ်နှစ်တာဝင်ငွေအများဆုံး ကစားသမားစာရင်းတွင် စီရော်နယ်ဒို ထိပ်ဆုံးမှ ရပ်တည်



တစ်နှစ်တာဝင်ငွေအများဆုံး ကစားသမားစာရင်းတွင် စီရော်နယ်ဒို ထိပ်ဆုံးမှ ရပ်တည်
Written by  အောင်ငြိမ်းသွေး

အင်္ဂလန်၊ မတ် ၆။       ။ရီးယဲလ် တိုက်စစ်မှူး စီရော်နယ်ဒိုသည် ပြိုင်ဘက် ကစားသမားမက်ဆီ ကိုဖြတ်ကျော်ပြီး တစ်နှစ်တာ ၀င်ငွေအကောင်း ဆုံးဘောလုံးသ မားအဖြစ်ရပ် တည်နိုင် ခဲ့သည်။

စီရော် နယ်ဒိုသည် ပြီးခဲ့ သည့်နှစ်က ၀င်ငွေပေါင် ၁၅၂ သန်းအထိ ရရှိခဲ့ပြီး မက်ဆီ ထက်ပေါင် ၇ သန်း ပိုမိုဝင်ငွေ ရခဲ့သည်ဟု ဂိုးလ်ဒေါ့ကွန်း မှဖော်ပြမှု ကိုဒေး လီးမေးလ် သတင်းစာ ကပြန်လည်ဖော်ပြ ခဲ့သည်။

စီရော်နယ်ဒိုသည် ၂၀၁၄ ခုနှစ်က ချန်ပီယံလိဂ် ဖလားကို ရရှိခဲ့ပြီး ဖီဖာကမ္ဘာ့ အကောင်း  ဆုံးဘောလုံး သမားဆု  ကိုပါရရှိခဲ့ သည့်အတွက် ၀င်ငွေ ပိုမိုရရှိ ခဲ့ပြီး ထိပ်ဆုံးတွင် ရပ်တည်နိုင်ခြင်းဖြစ်သည်။

ဂိုးလ်ဒေါ့ကွန်းသည် ကစားသမားတစ်ဦး၏ ၀င်ငွေ၊အပိုဆုကြေးငွေနှင့် စပွန်ဆာဝင်ငွေများကိုပေါင်းပြီး အချမ်းသာဆုံး ကစားသမား စာရင်းကိုပြု လုပ်ခဲ့ခြင်းဖြစ် သည်။

စီရော် နယ်ဒိုနှင့် မက်ဆီတို့ ၏နောက်တွင်  ဘာစီလိုနာ အသင်း၏ တိုက်စစ်မှူးနောက် တစ်ဦးဖြစ် သည့်နေမာ ကပေါင် ၉၇.၉ သန်းဖြင့် တတိယနေ ရာတွင်ရပ် တည်ခဲ့သည်။

နေမာ ၏နောက်တွင် ပီအက်စ်ဂျီ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျ ကပေါင် ၇၆.၁ သန်းဖြင့် ရှိနေပြီး ရွန်နီ ကပေါင် ၇၄.၆ သန်းဖြင့် ပဉ္စမနေရာတွင် ရှိနေသည်။
ရွန်နီသည် အင်္ဂလန်ဘောလုံးသမားများနှင့် ပရီးမီးယား လိဂ်ဘောလုံး သမားများ ထဲတွင် ၀င်ငွေ အများဆုံးဖြစ်သည်။ အခြားအင်္ဂလန် ကစားသမား များထဲတွင် ရီယိုဖာဒီနန်က အဆင့် ၁၂၊ ဂျရတ်က အဆင့် ၁၄နှင့် တယ်ရီက အဆင့် ၂၀ တွင် ရပ်တည်နေသည်။

ဘရာဇီး ကွင်းလယ် ကစားသမား ကာကာ မှာမေဂျာလိဂ် ကလပ်အော်လန် ဒိုစီးတီးအသင်း သို့ရောက်ရှိနေသော် လည်းပေါင် ၆၉.၆ သန်းဖြင့် ဆဋ္ဌမနေရာတွင် ရှိနေပြီး၎င်း ၏နောက်တွင် အီတူး၊ ရာအူးလ်၊ ရော်နယ်ဒင်ဟိုနှင့် လမ်းပတ်တို့ ရပ်တည်နေသည်။

ပြီးခဲ့သည့်နှစ်ကလည်း စီရော်နယ်ဒိုသည် ၀င်ငွေ ပေါင် ၁၂၂သန်းဖြင့် ပထမနေရာမှာပင် ရပ်တည်ခဲ့ပြီး မက်ဆီက ပေါင် ၁၂၀.၅ သန်းဖြင့် ဒုတိယနေ ရာမှာရှိခဲ့ သည်။

Ref: Daily Mail
Mizzima

No comments:

Post a Comment