Pages
▼
Saturday, March 7, 2015
အင်္ဂလန်အသင်းကို ဆက်လက်ကိုင်တွယ်ခွင့်ပြုရန် အက်ဖ်အေသို့ ရွိုင်းဟော့ဒ် ဆန်တောင်းဆို
အင်္ဂလန်အသင်းကို ဆက်လက်ကိုင်တွယ်ခွင့်ပြုရန် အက်ဖ်အေသို့ ရွိုင်းဟော့ဒ် ဆန်တောင်းဆို
Written by အောင်ငြိမ်းသွေး
ဟော့ဒ်ဆန်၏ လက်ရှိစာချုပ်သည် လာမည့် နှစ်နွေရာသီတွင် ကျင်းပမည့် ဥရောပဖလား ပြိုင်ပွဲအပြီးတွင် ကုန်ဆုံးတော့ မည်ဖြစ်ပြီး လက်ရှိအချိန် အထိစာချုပ် သစ်နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုမျိုး မရှိသေးပေ။ အသက်အရွယ်အရ ၆၇ နှစ်အရွယ် သို့ရောက် ရှိနေပြီဖြစ်ပြီး ၂၀၁၈ တွင်၇၁နှစ် အရွယ် သို့ရောက်ရှိနေ မည်ဖြစ်သော်လည်း အနားယူရန် အဆင်သင့် မဖြစ်သေးကြောင်းဟော့ဒ်ဆန်က အက်ဖ်အေ၏ တာဝန်ရှိသူများ ကိုပြောဆို လိုက်သည်။
'အခုအချိန်အထိ စိတ်ခံစားချက် ကကောင်းပါတယ်။ ကျွန်တော့်အသက်နဲ့ ပတ်သက်ပြီး ဘာခံစားချက်မှ မရှိသေးပါဘူး။ လာမယ့်နှစ် အနည်းငယ် အထိနည်းပြ အလုပ်ကို ဆက်လက် လုပ်ကိုင်နိုင်မယ် လို့မျှော်လင့် ပါတယ်။ အဲ့ဒီ အတွက်လည်း ယုံကြည်မှု ရှိပါတယ်။ ဘယ်အချိန်မှာ အနားယူ ရမလဲ ဆိုတာကို သိလာပါ လိမ့်မယ်။
ဒါပေမဲ့ ကျွန်တော့်မှာ အရေးကြီးတဲ့ အလုပ်တွေကို လုပ်ဖို့ ရှိနေပါသေးတယ်။ ကျွန်တော် တကယ် ကိုနှစ်သက်တဲ့ အလုပ်ပါ' ဟုဟော့ဒ်ဆန် ကပြောသည်။
လက်ရှိ တွင်ဟော့ဒ်ဆန်သည် အက်ဖ်အေ ဥက္ကဋ္ဌ ဒိုက်ကီနှင့် နည်းစနစ် ဒါရိုက်တာ ဒန်အက်ရှ်ဝေါ့တို့နှင့် ရင်းနှီးသော ဆက်ဆံရေးရှိ ပြီးထောက်ခံ မှုရရှိထား သည်။သို့သော် အက်ဖ်အေ၏ အမှုဆောင်အရာရှိချုပ် ရာထူးမှာ လစ်လပ် လျက်ရှိပြီး ထိုသူမှာ ဒိုက်ကီ၊ ဒန်အက်ရှ်ဝေါ့တို့နှင့် အတူဟော့ဒ်ဆန်၏ အနာဂတ်ကို
ဆုံးဖြတ်ပေးမည် ဖြစ်သည်။ ယူရို ၂၀၁၆ ပြိုင်ပွဲအပြီးတွင်မှ ဟော့ဒ်ဆန်၏ အနာဂတ်ကို ဆုံးဖြတ် မည်ဖြစ်သည်။
Ref: Daily Mail
Mizzima
No comments:
Post a Comment