Pages
▼
Saturday, March 7, 2015
တစ်ပွဲခြောက် ဂိုးနှုန်းသွင်း ယူထားသည့် တိုက်စစ်ပိုင်းကို ဂိုးပိုသွင်းရန် ဂွါဒီယို လာတောင်းဆို
တစ်ပွဲခြောက် ဂိုးနှုန်းသွင်း ယူထားသည့် တိုက်စစ်ပိုင်းကို ဂိုးပိုသွင်းရန် ဂွါဒီယို လာတောင်းဆို
Written by အောင်ငြိမ်းသွေး
ဂျာမနီ၊ မတ် ၆။ ။ နောက်ဆုံး ဘွန်ဒက်စ် လီဂါပွဲစဉ် သုံးပွဲတွင် စုစုပေါင်း သွင်းဂိုး ၁၈ဂိုး (တစ်ပွဲလျှင်ပျမ်း မျှခြောက် ဂိုးနှုန်း) သွင်းယူ ထားသော်လည်းဘိုင် ယန်မြူးနစ် အသင်းနည်းပြ ဂွါဒီယိုလာက အသင်း၏ တိုက်စစ်သမား များကိုထို့ထက် ပိုမိုဂိုးသွင်း ယူရန်တောင်း ဆိုလိုက်သည်။
ဘိုင်ယန်မြူး နစ်အသင်း သည်နောက်ဆုံး ဘွန်ဒက်စ်လီဂါ ပွဲစဉ်သုံး ပွဲတွင် ၄-၁၊ ၆-၀၊ ၈-၀ ဂိုးရလဒ်များဖြင့် အနိုင်ရခဲ့သော်လည်း ကြားရက်တွင် ကစား ခဲ့သော
ပိုကယ် ဖလားပွဲစဉ်တွင် အိန့်ထရက်ခ်ျ ဘရန်းရှဝှစ် အသင်းကို ၂-၀ ဂိုးဖြင့်သာ အနိုင် ရခဲ့သည်။
ထိုဂိုးသွင်းနှုန်းကို ဂွါဒီယိုလာ မှာကျေနပ်အား ရမှုမရှိဘဲလာမည့် ဟန်နိုဗာနှင့် ဘွန်ဒက်စ် လီဂါပွဲစဉ်နှင့် ရှက်တာ ဒိုးနက်နှင့် ကစား ရမည့် ချန်ပီယံလိဂ် ပွဲစဉ်များ တွင်ဂိုးပိုမို သွင်းယူရန်တောင်း ဆိုလိုက်သည်။
'ကျွန်တော်တို့ တိုက်စစ်ပိုင်းကို ပိုမိုကောင်း မွန်အောင်ပြု လုပ်သွားမှာပါ။ ခံစစ်ပိုင်းကတော့ ပြိုင်ဘက်တွေကိုကောင်းကောင်း ထိန်းချုပ်ထားနိုင်ပြီး အခွင့်အရေး အနည်းငယ် သာပေးရပါတယ်။ ပြီးခဲ့တဲ့ ပွဲတွေတုန်းက ကစားသမားတွေ အကုန်လုံး အကောင်းဆုံး ကစားနိုင်ခဲ့ကြလို့ ဂိုးတွေအများကြီး ရခဲ့ပါတယ်။ အသင်းရဲ့ တစ်ပွဲလုံး တိုက်စစ်ဆင် ကစားပုံက ပိုကောင်းလာ ဦးမှာပါ' ဟု ဂွါဒီယိုလာ ကပြောသည်။
ဘိုင်ယန်မြူးနစ်အသင်းသားများသည် ဟန်နိုဗာနှင့်ပွဲစဉ်ထက် ရှက်တာဒိုးနက်နှင့် ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို ပိုမိုအာရုံ စိုက်နေ သည်ဟုပြော ဆိုနေခြင်း များကို ဂွါဒီယိုလာ ကငြင်းဆို လိုက်သည်။
'ဟန်နိုဗာနဲ့ ရှက်တာဒိုးနက်တို့ရဲ့ ခံစစ်ကစားပုံက လုံးဝကွဲပြားခြားနားပါတယ်။ ဒါကြောင့် ဒီပွဲနှစ်ပွဲမှာ ကျွန်တော်တို့ရဲ့ တိုက်စစ်ကစား ပုံကလည်း ကွဲပြားပါလိမ့် မယ်။ ပထမဆုံး ဟန်နိုဗာနဲ့ ပွဲစဉ်အတွက် စဉ်းစားမှာပါ။ ရှက်တာဒိုးနက်နဲ့ ပွဲစဉ်ကိုမေ့ထားပြီး အကောင်းဆုံး ကစားသမား ၁၁ယောက်ကို ပွဲထုတ်သွားမှာပါ' ဟု ဂွါဒီယိုလာ ကပြောသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ယူကရိန်းမြေတွင် ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တွင် ရှက်တာဒိုးနက်အသင်းနှင့် ဂိုးမရှိသရေကျ ထားသည်။
Mizzima
No comments:
Post a Comment