Pages
▼
Monday, March 16, 2015
လစာနှင့် ထောက်ပံ့ကြေးများ အားလုံး ပေးချေခြင်း မရှိပါက နေပြည်တော် အကယ်ဒမီ အုပ်ချုပ်နည်းပြနဲ့ ကစားသမား မိဘတွေ ဆန္ဒပြမည်
လစာနှင့် ထောက်ပံ့ကြေးများ အားလုံး ပေးချေခြင်း မရှိပါက နေပြည်တော် အကယ်ဒမီ အုပ်ချုပ်နည်းပြနဲ့ ကစားသမား မိဘတွေ ဆန္ဒပြမည်
လစာနှင့် ထောက်ပံ့ကြေးများ အားလုံးကို ပေးချေခြင်း မရှိပါက နေပြည်တော် ဘောလုံး အကယ်ဒမီ အုပ်ချုပ်နည်းပြနဲ့ ကစားသမား မိဘတွေဆန္ဒပြမယ်လို့  သိရပါသည်။
နေပြည်တော် ဘောလုံး အကယ်ဒမီမှ အုပ်ချုပ်နည်းပြ အဖွဲ့ ဝင်တွေနဲ့ ကစားသမားတွေဟာ ထောက်ပံ့ကြေးနဲ့ လစာတွေ မရရှိတာဟာ အနည်းဆုံး သုံးလမှအ များဆုံး ကိုးလကျော်အထိ ရှိနေပြီလို့  သိရပြီး လက်ရှိ အချိန်ထိပြေလည်မှ မရှိ သေးဘူးလို့ သိရပါသည်။
“ကျွန်တော်တို့ အနေနဲ့ သည်နေ့ သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့ အခြေအနေ ကိုစောင့်ကြည့်ပါမယ်။ လစာတွေနဲ့ ထောက်ပံ့ကြေးတွေ အကုန်လုံး ရချင်ပါ တယ်။ တကယ်လို့ အသင်းကဘာမှ ညိနှိုင်းလာမှု မရှိဘူး ဆိုရင်တော့သည် လအတွင်းမှာ ဆန္ဒပြသွားပါမယ်” လို့ နေပြည်တော် ဘောလုံး အကယ်ဒမီ ကျောင်းအုပ်ကြီး ဦးဝင်းမြင့်ကပြောပါသည်။ နေပြည်တော် ဘောလုံး အကယ်ဒမီ ကျောင်းအုပ်ကြီး အုပ်ချုပ်နည်းပြ အဖွဲ့  ၀င်တွေနဲ့ ကစားသမားတွေရဲ့ မိဘတွေဟာ ယနေ့ မနက်ပိုင်းက ပန်းဆိုးတန်း လမ်းမှာ ရှိတဲ့ လက်ကီးဖလားဝါး လက်ဖက်ရည်ဆိုင်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါသည်။ နေပြည်တော် ဘောလုံး အကယ်ဒမီဟာ နေပြည်တော်ဘောလုံးအသင်း ဥက္ကဌ ဦးဖြိုးကိုကိုတင့်ဆန်း တည်ထောင်ထားတဲ့ အကယ်ဒမီ ဖြစ်ပြီး ကစားသမား အယောက် သုံးဆယ်ကျော် ရှိတယ်လို့ သိရပါသည်။
Soccer Myanmar
No comments:
Post a Comment