Pages
▼
Wednesday, March 11, 2015
မိမိအသင်းမှ ကစားသမားများကို ယူ-၂၃ အသင်းက မရွေးချယ်သင့်ကြောင်း ဧရာဝတီ ယူနိုက်တက် နည်းပြပြော
မိမိအသင်းမှ ကစားသမားများကို ယူ-၂၃ အသင်းက မရွေးချယ်သင့်ကြောင်း ဧရာဝတီ ယူနိုက်တက် နည်းပြပြော
ဧရာဝတီယူနိုက်တက် အသင်းနည်းပြ မာဂျန်သည် ၎င်းတို့အသင်းထံမှ ကစားသမားလေးဦးကို မြန်မာယူ-၂၃ အသင်းမှ ရွေးချယ်ခြင်း မပြုသင့်ကြောင်း ပြောကြားခဲ့သည်။
မြန်မာယူ-၂၃ အသင်းသည် ဂျပန်နိုင်ငံတွင် ဂျပန်ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲကစားရန် မတ်လ(၈)ရက်နေ့က ထွက်ခွာ သွားခဲ့ပြီး ကလပ်အသင်းများမှ လူငယ်ကစားသမားများ ကိုရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဧရာဝတီယူနိုက်တက် အသင်းအနေ ဖြင့် မတ်လ(၁၁)ရက်တွင် အင်ဒိုနီးရှားကလပ် ပါဆစ်ဘန်ဒေါင်းအသင်းနှင့် AFC Cup အုပ်စုပွဲစဉ်အဖြစ် ကစားရန်ရှိနေသည့် အတွက် ဧရာဝတီယူနိုက်တက် နည်းပြ မာဂျန်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မာဂျန်က“ကျွန်တော်ရဲ့ အမြင်အရ လက်ရွေးစင် အသင်းက ခေါ်ယူရင် ကစားသမားတွေကို ကလပ်အသင်းတွေက စေလွှတ်ပေးရတယ် ဆိုပေမယ့် လူငယ်အသင်းတွေက ခေါ်ရင်တော့ မပေးချင်လည်းရတဲ့ အနေအထားပါ။ ဒါပေမယ့် လူငယ်အသင်းရဲ့ တစ်ကယ့်ပြိုင်ပွဲ ဆိုရင်လည်း ကျွန်တော့်အသင်းက ကစားသမားတွေ စေလွှတ်ပေးရလို့ ကျွန်တော် ဂုဏ်ယူမိမှာပါ။ ဒါပေမယ့် ခြေစမ်းပွဲ တစ်ပွဲအတွက် ကစားသမားတွေကို စေလွှတ်ပေးရတာကိုတော့ သဘောမကျပါဘူး။ ကျွန်တော်တို့မှာလည်း အာရှအဆင့်ပြိုင်ပွဲ ယှဉ်ပြိုင်နေရ တာပါ”ဟု ပြောသည်။
ထို့အပြင် မာဂျန်က ၎င်း၏ အသင်းတွင် ဒဏ်ရာရကစားသမားများ မရှိသော်လည်း နှစ်ပတ်အတွင်း လေးပွဲယှဉ်ပြိုင် ကစားရမှုကြောင်း ပွဲပမ်းမှုပြဿနာများ ကြုံတွေ့နိုင်ကြောင်း သုံးသပ်ခဲ့သည်။
Soccer Myanmar
No comments:
Post a Comment