Pages
▼
Wednesday, March 11, 2015
ဂျပန်နှင့် ခြေစမ်းခွင့် ရရှိခဲ့ခြင်းက အခွင့်ရေးကောင်း တစ်ရပ်ဖြစ်သည်ဟု ဦးကြည်လွင် သုံးသပ်
ဂျပန်နှင့် ခြေစမ်းခွင့် ရရှိခဲ့ခြင်းက အခွင့်ရေးကောင်း တစ်ရပ်ဖြစ်သည်ဟု ဦးကြည်လွင် သုံးသပ်
မြန်မာယူ-၂၃ လက်ရွေးစင် အသင်း၏ နည်းပြချုပ် ဦးကြည်လွင်သည် ဂျပန်ယူ-၂၃အသင်းနှင့် အာရှခြေစစ်ပွဲ မတိုင်မီတွင် ခြေစမ်းကစားခွင့် ရရှိခဲ့ခြင်းက တန်ဖိုးကြီးမားသော အခွင့် အရေးတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဦးကြည်လွင် “ ဒီခြေစမ်းပွဲက မြန်မာရော ဂျပန်အတွက်ပါ တန်ဖိုးရှိတဲ့ ခြေစမ်းပွဲပါ။ ဂျပန်အသင်းက အာရှအဆင့် အသင်းအကောင်း တစ်သင်းဖြစ်ပြီး သူတို့ရဲ့ခြေစမ်းပွဲတွေ လေ့လာ သုံးသပ်မိသလောက် သိပ်ကို တောင့်တင်းတဲ့ အသင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ရောသူတို့ပါ အာရှ ယူ၂၃ ခြေစစ်ပွဲကို ယှဉ်ပြိုင်ရမှာပါ။ ကျွန်တော်တို့ အသင်း အတွက်ကတော့ ဆီးဂိမ်းစ် အတွက်ပါ ပြင်ဆင်တာ ဖြစ်တဲ့အတွက် ဒီလိုအသင်းမျိုးနဲ့ခြေစမ်းခွင့်ရတာ သိပ်ကိုတန်ဖိုးရှိပါတယ်။ ဒါကို အသုံးချသွားမှာပါ။ လက်ရှိ ကျွန်တော်တို့အသင်းက လေ့ကျင့်စုစည်းချိန် နည်းပါသေးပါတယ်။ ဒီအချိန် အတွင်းမှာ ဂျပန်၊ ထိုင်း၊ လာအိုတို့နဲ့ ခြေစမ်းခွင့် ရတာကြောင့် အာရှ ယူ၂၃ ခြေစစ်ပွဲအတွက် များစွာအကျိုးရှိတဲ့ ပွဲဖြစ်မှာပါ”ဟု ပြောကြားခဲ့ကြောင်း မြန်မာနိုင် ငံ ဘောလုံးအဖွဲ့ချုပ် က ဖော်ပြခဲ့သည်။
ဂျပန်ယူ-၂၃ အသင်းနည်းပြ ချုပ် မာကိုတိုကမူ ၎င်းတို့အသင်းအနေဖြင့် မြန်မာအသင်းအကြောင်းကို ကောင်းမွန်စွာ မသိရှိ သေးသော်လည်း မြန်မာအသင်းနှင့် ခြေစမ်းခွင့် ရရှိခဲ့ခြင်းက ခြေစစ်ပွဲတွင် မလေးရှား၊ ဗီယက်နမ်တို့နှင့် ကစားမည့်ပွဲစဉ် များတွင် အကျိုးရှိလာနိုင်မည်ဟု ပြောကြားခဲ့သည်။
ဂျပန်ယူ-၂၃ အသင်းသည် အခြားအာဆီယံ အသင်းတစ်သင်းဖြစ်သော စင်ကာပူ ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင် ကစားခဲ့ရာ (၈-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
Soccer Myanmar
No comments:
Post a Comment