Pages
▼
Wednesday, March 4, 2015
မြန်မာအသင်းပါဝင်သည့် အာဆီဖူဆယ်ပြိုင်ပွဲ အုပ်စု ပွဲစဉ်များ ထွက်ပေါ်
မြန်မာအသင်းပါဝင်သည့် အာဆီဖူဆယ်ပြိုင်ပွဲ အုပ်စု ပွဲစဉ်များ ထွက်ပေါ်
အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၅ အာဆီယံ ချန်ပီယံ ရှစ်ပြိုင်ပွဲ၏ အုပ်စုခွဲဝေမှုများ ထွက်ပေါ်လာခဲ့သည်။
ယင်း ပြိုင်ပွဲ အုပ်စုအဆင့်တွင် မြန်မာအသင်းသည် သြစတြေးလျ၊ ဗီယက်နမ်၊ လာအို၊ ဖိလစ်ပိုင် အစရှိသည့် အသင်းများနှင့် အုပ်စု (ခ) ၌ တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။ ၂၀၁၅ အာဆီယံဖူဆယ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းပေါင်း ၁၁ သင်း ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး အုပ်စု (က)တွင် အိမ်ရှင် အင်ဒိုနီးရှား၊ လက်ရှိချန်ပီယံ ထိုင်း၊ တီမော၊ ဘရူနိုင်း၊ မလေးရှား၊ စင်ကာပူ နှင့် ဘရူနိုင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ အာဆီယံဖူဆယ်ပြိုင်ပွဲတွင် လက်ရှိ ချန်ပီယံ ထိုင်းအသင်းသည် ၁၁ ကြိမ်ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ပြီး ပြိုင်ပွဲတလျှောက်တွင် ၁၀ ကြိမ်အထိ ချန်ပီယံဖြစ်ခဲ့ဖူးသည့်အတွက် အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်လျက်ရှိသည်။ အိမ်ရှင် အင်ဒိုနီးရှား အသင်းမှာမူ ၁၀ ကြိမ် ၀င်ရောက်ယှဉ်ပြိုင်၍ ပြီးခဲ့သည့် ၂၀၁၀ ဗီယက်နမ် ပြိုင်ပွဲတွင် ချန်ပီယံတစ်ကြိမ် ဖြစ်ခဲ့ဖူးကာ ဒုတိယ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်လျက်ရှိသည်
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ၂၀၀၆ ခုနစ် ဘန်ကောက်တွင် ပြုလုပ်သည့် အာဆီယံဖူဆယ်ပြိုင်ပွဲတွင်မှ စတင်ယှဉ်ပြိုင်ခဲ့ပြီး တတိယဆု တစ်ကြိမ် ရခဲ့ဖူးကာ ကျန်သည့်နှစ်များတွင် အုပ်စုအဆင့်အထိသာ အမြင့်ဆုံး တက်ရောက် ခဲ့သည်။ မြန်မာဖူဆယ် အသင်းသည် လက်ရှိတွင် လေ့ကျင့်မှုများ မပြုလုပ်ရသေးပဲ ပြီးခဲ့သည့် ဖူဆယ်လိဂ် ပြိုင်ပွဲနှင့် အမျိုးသားအားကစားပွဲတော်အပြီးတွင် လူထပ်မံ အားဖြည့်ရွေးချယ်မှုများ ပြုလုပ်ထားသည်။
Soccer Myanmar
No comments:
Post a Comment