Pages
▼
Wednesday, March 4, 2015
ရန်ပုံငွေပွဲအတွက် အန်းဖီးလ်သို့ တစ်ကျော့ပြန်လာမည့် လီဗာပူးလ် ကစားသမားဟောင်းများ
ရန်ပုံငွေပွဲအတွက် အန်းဖီးလ်သို့ တစ်ကျော့ပြန်လာမည့် လီဗာပူးလ် ကစားသမားဟောင်းများ
ရန်ပုံငွေ ပွဲစဉ်တစ်ရပ် အတွက် လီဗာပူးလ်၏ ကစားသမားဟောင်းများ အန်းဖီးလ်တွင် တစ်ကျော့ပြန် လာရောက်စုဆုံ ကစားပေးကြမည်ဟု သိရှိရသည်။
ဖာနန်ဒိုတောရက်စ်၊ ပီပီရေနာနှင့် ရှာဘီအလွန်ဆိုတို့သည် ယခုလကုန်ပိုင်းတွင် ကစားရန် စီစဉ်ထားသည့် ရန်ပုံငွေ ပွဲစဉ်၌ ပါဝင်ရန် သေချာသလောက် ရှိနေကြောင်း သတင်းများက ဆိုသည်။ နိုင်ငံတကာ ပွဲစဉ်များ ကစားမည့် နားရက်အတောအတွင်း မတ်လ (၂၉)ရက်၌ စီစဉ်ထားသည့် အဆိုပါ ပွဲစဉ်ကို လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင် ဂျရတ်က အားတက်သရော ထောက်ခံထားသည်။ ဂျရတ်သည် ၎င်း၏ ကစားသမားဘဝ (၁၇)နှစ်ကြာ သက်တမ်းအတွင်း တွဲဖက် ကစားခဲ့သည့် အသင်းဖော်ဟောင်းများကို အန်းဖီးလ်သို့ ပြန်လာရန် ဖိတ်ကြားထားသည်။
ဂျွန်အာနီ ရီဆီနှင့် လူးဝစ်ဂါစီယာတို့သည် ယင်းပွဲစဉ်တွင် ပါဝင်ရန် ကတိပြုထားပြီး ဂျင်မီကာရေဂါလည်း ၎င်း၏ ကစားသမားဘဝ တစ်လျှောက်လုံး ဝတ်ဆင်ခဲ့သည့် အနီရောင် ဂျာစီကို ယင်းပွဲတွင် တစ်ကျော့ပြန် ဆင်မြန်းလာဖွယ် ရှိနေသည်။ အဆိုပါ ရန်ပုံငွေ ပွဲစဉ်တွင် လက်မှတ်အားလုံး ရောင်းကုန်ပါက ပေါင်စတာလင် ငါးသိန်းမျှ ရရှိနိုင်ဖွယ် ရှိနေပြီး လီဗာပူးလ်၏ ပရဟိတ ဖောင်ဒေးရှင်းသို့ ပေးလှူသွားရန် စီစဉ်ထားသည်။ ဘာစီလိုနာသို့ ပြောင်းရွှေ့သွားသည့် တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်မှာမူ မတ်လ (၂၈)ရက်တွင် ဥရုဂွေးနှင့် မိုနာကိုတို့ ခြေစမ်းမည့် ပွဲစဉ် ရှိနေခြင်းကြောင့် ယခု ရန်ပုံငွေပွဲတွင် ပါဝင်နိုင်ဖွယ် မရှိချေ။
ကွင်းလယ်လူ ဟာဗီးယား မာရှေယာနိုသည်လည်း အာဂျင်တီးနား၏ နိုင်ငံတကာ ပွဲစဉ်များကြောင့် ယင်းပွဲနှင့် လွဲရန် ရာခိုင်နှုန်း များနေသည်။ လီဗာပူးလ်မှ လက်ရှိ အင်္ဂလန် လက်ရွေးစင်များဖြစ်သည့် ယော်ဒန်ဟန်ဒါဆင်၊ ဒန်နီရယ်လ် စတားရစ်ဂ်ျနှင့် ရာဟင်မ် စတာလင်တို့သည်လည်း မတ်လ(၂၇)ရက်နှင့် မတ်လ(၃၁)ရက်တို့တွင် လက်ရွေးစင်ပွဲများ ကစားရန် ရှိနေကြောင်း သိရသည်။
Soccer Myanmar
No comments:
Post a Comment