Pages
▼
Tuesday, March 3, 2015
ရီးယဲလ်တွင် တိုက်စစ်ထက် ခံစစ်ကို ပိုမို တာဝန်ယူ ကစားရဟု ခရူးစ်ဖွင့်ဟ
ရီးယဲလ်တွင် တိုက်စစ်ထက် ခံစစ်ကို ပိုမို တာဝန်ယူ ကစားရဟု ခရူးစ်ဖွင့်ဟ
ရီးယဲလ်မက်ဒရစ် အသင်းတွင် တိုက်စစ်ကို လိုက်ပါကစားခွင့် လျော့နည်းသွားကြောင်း တိုနီခရူးစ်က ဝန်ခံ ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်တွင် ရှိနေစဉ်က ကွင်းလယ်မှ တိုက်စစ်သို့ လိုက်ပါပံ့ပိုးပြီး ဂိုးများ သွင်းယူလေ့ရှိသည့် ဂျာမန် လက်ရွေးစင်သည် ဘာနေဗျူးတွင်မူ ခံစစ်ပိုင်းကိုသာ ပိုမိုတာဝန်ယူလာရသည်။ ခရူးစ်က ကစားကွက် အနေအထား အပြောင်းအလဲနှင့် ကြုံရသည့်တိုင် စပိန်မြေတွင် ပျော်ရွှင်နေပြီး ရီးယဲလ်တွင် ပိုမို အထိုင်ကျလာအောင် ကြိုးစားနေကြောင်း ပြောကြားခဲ့သည်။ ရီးယဲလ်တွင် ကွင်းလယ်တိုက်စစ် ကစားသမား အမြောက်အမြား ရှိနေခြင်းကြောင့် နည်းပြ ကာလို အန်ဆလော့တီက အသက်(၂၅)နှစ်အရွယ် ကစားသမားကို ခံစစ်ပိုင်း၌ ပိုမို အာရုံစိုက် ကစားစေခဲ့ခြင်း ဖြစ်သည်။
ခရူးစ်က “ရီးယဲလ် အနေနဲ့ ကွင်းလယ်ဗဟိုမှာ သုံးယောက်ထား ကစားချင်တယ်။ ဒီအချိန်မှာတော့ ကျွန်တော်က ခံစစ်ပိုင်းကို ပိုပြီး အားပြုကစားရပါတယ်။ ဒါဟာ ရာသီအစပိုင်း ကတည်းက ပုံစံချလာတာပါ။ ကျွန်တော့် အနေနဲ့လည်း အဲဒီနေရာမှာ ကစားရတာကို နှစ်သက်ပါတယ်”ဟု ပြောကြားခဲ့သည်။ ၎င်းက “နည်းပြ အနေနဲ့ တာဝန်ယူရတဲ့ နေရာနဲ့ ပတ်သက်ပြီး ကစားသမားတွေဆီက တိကျတဲ့ တောင်းဆိုမှုတွေ လုပ်ဆောင်မှာပါပဲ။ ဒါပေမဲ့ တကယ်တမ်း ပွဲကစားရင် ကစားသမားရဲ့ အခြေအနေက ပိုအရေးကြီးသွားပါတယ်။ ကျွန်တော်ကတော့ ကိုယ့်လုပ်ဆောင်မှုတွေအတွက် ကျေနပ်ပါတယ်။ ရီးယဲလ်ရဲ့ ဟန်ချက်ဟာ မျှတနေပြီး ဒါက အဓိက ကျပါတယ်။ အသင်းမှာက တိုက်စစ်အားပြု ကစားသမားတွေ အများကြီး ရှိနေတယ်။ ဒီတော့ ကျွန်တော့် အတွက်က ရှေ့ထိ လိုက်ကစားဖို့ ဆိုတာဟာ ဒုတိယ ဦးစားပေး တာဝန်လို ဖြစ်သွားပါတယ်”ဟုလည်း မှတ်ချက်ပြုသွားသည်။
Soccer Myanmar
No comments:
Post a Comment