Pages

Monday, March 2, 2015

ယခင်ဘောလုံးရာသီမှာ ပီဇာအစားများခဲ့တဲ့ မက်ဆီ



ယခင်ဘောလုံးရာသီမှာ ပီဇာအစားများခဲ့တဲ့ မက်ဆီ
=========================
ယခင် ဘာစီလိုနာကစားသမား Carlos Rexach က လီယိုနယ်မက်ဆီဟာ ပြီးခဲ့တဲ့ရာသီမှာ ပီဇာ အစားများခဲ့ကြောင်း ဝေဖန်လိုက်ပါတယ်။
မနှစ်က ဘာကာဟာ လာလီဂါမှာ အက်သလက်တီကို မက်ဒရစ်နောက်က ဒုတိယနေရာမှာပဲ ကျေနပ်ခဲ့ရသလို UCL ကွာတားဖိုင်နယ်မှာလည်း အက်သလက်တီကိုကို ရှုံးခဲ့ပြန်ပါတယ်။ တစ်ခါ Copa del Rey final မှာ ပြိုင်ဖက် ရီးရဲမက်ဒရစ်ကို ရှုံးရသလို Ballon d'Or ဆုကိုလည်း ခရစ်စတီယာနို ရော်နယ်ဒိုက သိမ်းပိုက်ပြန်ပါတယ်။
အခုတော့ မက်ဆီရဲ့ ကျန်းမာရေးနဲ့မညီတဲ့ စားသောက်မှုပုံစံကြောင့် စွမ်းဆောင်ရည် ကျဆင်းခဲ့ကြောင်း Rexach က ဝေဖန်လိုက်ပါတယ်။ မက်ဆီဟာ လိုအပ်တာထက်ပိုပြီး ပီဇာတွေ စားခဲ့တယ်လို့ ကျွန်တော် မြင်ပါတယ် လို့ သူက Regio 7 ကို ပြောခဲ့ပါတယ်။
ပီဇာက မက်ဆီရဲ့ အောင်မြင်ရေးလျှို့ဝှက်ချက်များလား။
‪#‎လာလေယောင်း‬
Football Cafe

No comments:

Post a Comment