Pages
▼
Thursday, March 5, 2015
ကွင်းထဲ လဲကျခဲ့ခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်စရာ မရှိဟု ဆွမ်ဆီးတိုက်စစ်မှူး ဂိုမစ် ပြန်လည်ရှင်းလင်း
ကွင်းထဲ လဲကျခဲ့ခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်စရာ မရှိဟု ဆွမ်ဆီးတိုက်စစ်မှူး ဂိုမစ် ပြန်လည်ရှင်းလင်း
တော့တင်ဟမ် ဟော့စပါးနှင့် ပွဲစဉ်တွင် ကွင်းအတွင်း လဲကျသွားသည့် အခြေအနေနှင့် ပတ်သက်ပြီး ဆွမ်ဆီးတိုက်စစ်မှူး ဘာဖီတင်မ်ဘီ ဂိုမစ်က ပြန်လည် ဖြေရှင်းခဲ့သည်။
ပြင်သစ် ကစားသမားသည် စပါးက (၃-၂)ဖြင့် အနိုင်ရသည့် ပွဲစဉ် ပထမပိုင်းတွင် ဝှိုက်ဟတ်လိန်း ကွင်းထဲ၌ မြက်ခင်းပြင်ကို မျက်နှာအပ် လဲကျနေခြင်းကြောင့် ဆေးအဖွဲ့၏ ကြပ်မတ် ကုသပေးမှုကို ခံယူခဲ့ရသည်။ ၎င်းကို ဆေးဝန်ထမ်းများက လူနာတင် ထမ်းစင်ပေါ်တင်ကာ အောက်စီဂျင် မျက်နှာဖုံး တပ်ဆင်ပေးပြီး ကွင်းထဲမှ သယ်ထုတ်သွားခဲ့ရသည်။ စပါးအသင်း၏ ကစားသမားဟောင်း ဖာဘရီစီ မူအမ်ဘာသည်လည်း (၂၀၁၂)ခုနှစ်၊ မတ်လအတွင်းက ဝှိုက်ဟတ်လိန်းတွင် အလားတူ အခြေအနေ ကြုံဖူးပြီး အသက်ဘေးနှင့် နီးနီးစပ်စပ် ဖြစ်ခဲ့ဖူးသည်။
သို့သော်လည်း ဂိုမစ်၏ အခြေအနေမှာ ပြင်းထန်မှု မရှိဘဲ မိမိအနေဖြင့် စိတ်ဖိစီးမှုများ လွန်ကဲစွာ ခံစားနေရခြင်းကြောင့် ယခုလို ဖြစ်ခဲ့ခြင်းဟု ကစားသမားက ပြန်လည် ဖြေရှင်းခဲ့သည်။ ၎င်းက “ကျွန်တော့် ကျန်းမာရေး အခြေအနေအတွက် သေချာ အာမခံချင်ပါတယ်။ ကျွန်တော့် အနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ ပိုပြီး အန္တရာယ်ရှိတဲ့ အနေအထားမျိုး ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့ အဆင်ပြေနေပါပြီ။ ကျွန်တော့်ဖခင် ကျန်းမာရေး အခြေအနေ ဆိုးရွားနေချိန်မှာ ပြင်သစ်ကို ပြန်သွားပြီး ကြည့်ရှုစောင့်ရှောက်ချင်စိတ်က ဖိစီးမှုတွေ ဖြစ်စေပါတယ်။ အဲဒီအတွက် ကျွန်တော့်မှာ ဖိအားတွေ၊ နွမ်းနယ်မှုတွေ ရှိနေခဲ့ပါတယ်။ အသင်းကို ကျွန်တော် အကူအညီ မပေးနိုင်ခဲ့တာကို စိတ်မကောင်းပါဘူး။ ပြီးတော့ ကျွန်တော့်ကို စိုးရိမ်တကြီး ဆုတောင်းပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်”ဟု Twitterတွင် အင်္ဂလိပ်၊ ပြင်သစ် နှစ်ဘာသာဖြင့် ရေးသားခဲ့သည်။
ဆွမ်ဆီးအသင်း တာဝန်ရှိသူ တစ်ဦးကလည်း ဂိုမစ်သည် ဆေးရုံတက်ရောက် ကုသခံစရာ မလိုခဲ့ဟု အတည်ပြုခဲ့သည်။ “သူအဆင်ပြေပါတယ်။ သူက ဆေးဝန်ထမ်းတွေ အခန်းထဲမှာ ရှိနေခဲ့ပြီး အချိန်ယူ စောင့်ကြည့်ခဲ့ပါတယ်။ ဒါက Vasovagalလို့ခေါ်တဲ့ အခြေအနေ တစ်မျိုးပါ။ ကျွန်တော်တို့ ဒါကို သတိထားပါတယ်။ အရင်ကလည်း ကြုံဖူးတယ်။ ဂိုမစ် အနေနဲ့ အသင်းမှာတော့ နှလုံးစစ်ဆေးမှုနဲ့ တခြားဆေးစစ်မှုတွေ သီးခြား ခံယူပါမယ်”ဟု ၎င်းက ပြောကြားသွားသည်။
Soccer Myanmar
No comments:
Post a Comment