Pages

Wednesday, April 1, 2015

ရီးယဲလ်တွင် ကြုံနေရသည့် အခြေအနေများက ဆိုးရွားနာကျင်စရာ ဖြစ်နေဟု ဟာနန်ဒက်ဇ် ဖွင့်ဟ



ရီးယဲလ်တွင် ကြုံနေရသည့် အခြေအနေများက ဆိုးရွားနာကျင်စရာ ဖြစ်နေဟု ဟာနန်ဒက်ဇ် ဖွင့်ဟ

ရီးယဲလ်မက်ဒရစ်တွင် ၎င်းကြုံတွေ့နေရသည့် အခြေအနေများမှာ ခက်ခဲ ဆိုးရွားလွန်းကြောင်း ဟာဗီးယား ဟာနန်ဒက်ဇ်က ဖွင့်ဟခဲ့သည်။

မန်ချက်စတာ ယူနိုက်တက်မှ ရီးယဲလ်သို့ တစ်ရာသီ အငှားထွက်ကစားနေသည့် မက္ကစီကို လက်ရွေးစင် တိုက်စစ်မှူးသည် ကာရင်မ်ဘန်ဇီးမား၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုနှင့် ဂါရတ်သ်ဘေးလ်တို့ ပါဝင် ကစားနေသည့် အသင်းတိုက်စစ်တွင် နေရာမရဘဲ အရန်ခုံတွင်သာ ထိုင်နေရသည်။ ၎င်းသည် လက်ရွေးစင် အသင်းတွင်မူ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး နိုင်ငံတကာ ပွဲစဉ်ကာလတွင် အသင်းအတွက် ဂိုးပါ သွင်းယူပြနိုင်ခဲ့သည်။ ၎င်းက လက်ရှိ အနေအထားတွင် မိမိအနေဖြင့် ယုံကြည်မှုပိုင်း ဆိုးဆိုးရွားရွား ကျဆင်းနေကြောင်း ဆိုသည်။

ပရိသတ်များက ချီချာရီတိုဟု ချစ်စနိုး ခေါ်ဝေါ်ကြသည့် ကစားသမားက “ကျွန်တော့် လက်ရှိ အနေအထားက စိတ်ပျက်စရာပါ။ ကျွန်တော် အသင်းမှာ ပါဝင်ခွင့်တော့ ရနေတယ်။ လေ့ကျင့်ရေး အစီအစဉ်တွေမှာ အစွမ်းရှိသမျှ ပေးဆပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် ပွဲကစားခွင့်က အရမ်းနည်းလွန်းပါတယ်။ ကျွန်တော်က အသင်းတစ်သင်းရဲ့ အစိတ်အပိုင်း တစ်ခုပါ။ ဒါပေမဲ့ အရေးပါတဲ့ အစိတ်အပိုင်းတော့ မဟုတ်ဘူး။ အထူးသဖြင့် တကယ့် ပွဲကြီးပွဲကောင်းတွေမှာပေါ့”ဟု ဖွင့်ဟခဲ့သည်။

၎င်းက “တစ်ခါတစ်လေဆို ကျွန်တော့် ယုံကြည်မှုက အောက်ခြေ အဆင့်ထိ ထိုးကျသွားတယ်။ ကိုယ့်စိတ်ကိုယ် မနည်း မြှင့်တင်နေရတယ်။ အထူးသဖြင့် ကျွန်တော့်ဘေးမှာ ရပ်တည်ပေးပြီး ကျွန်တော့်ကို ထောက်ခံ အားပေးနေသူတွေရဲ့ အကူအညီနဲ့ပေါ့။ ကျွန်တော့်အတွက် အရေးအကြီးဆုံးက အခွင့်အရေးတွေ ရလာဖို့ပါ။ ကျွန်တော့် အနေနဲ့ စိတ်ပျက်စရာ ဘောလုံးရာသီ နှစ်ခုလောက်ကို ဖြတ်သန်းခဲ့ပြီးပါပြီ။ အနည်းဆုံး ကျွန်တော့်ကို ယုံကြည်မှု ထားပေးဖို့တော့ လိုပါတယ်။ ကျွန်တော်က ကောင်းမကောင်း ဆိုတာကို လက်တွေ့ပြခွင့်လေးတော့ ပေးသင့်ပါတယ်”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

No comments:

Post a Comment