Pages

Wednesday, April 1, 2015

ယူနိုက်တက်တွင် လာကစားမည်ဟု ဖာဂူဆန်ကို ဟမ်မဲလ်စ် ကတိပြုထားခဲ့



ယူနိုက်တက်တွင် လာကစားမည်ဟု ဖာဂူဆန်ကို ဟမ်မဲလ်စ် ကတိပြုထားခဲ့

မတ်စ်ဟမ်မဲလ်စ် အနေဖြင့် မန်ချက်စတာ ယူနိုက်တက်သို့ ၎င်းတစ်နေ့နေ့တွင် ပြောင်းရွှေ့ ကစားမည်ဟု အသင်းမန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်ထံ ကတိပြုခဲ့ဖူးကြောင်း သတင်းများက ဖော်ပြခဲ့သည်။

(၂၀၁၂)ခုနှစ်က ဖာဂူဆန်သည် ဂျာမန်လက်ရွေးစင် ဟမ်မဲလ်စ်အတွက် ချဉ်းကပ် ကမ်းလှမ်းမှု ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ထိုစဉ်က ဟမ်မဲလ်စ်သည် ဒေါ့တ်မန်တွင်သာ ဆက်ကစားရန် ဆုံးဖြတ်ခဲ့သော်လည်း အနာဂတ် တစ်နေ့နေ့တွင် အိုးလ်ထရက်ဖို့ဒ်သို့ ကူးပြောင်းလာမည်ဟု ဖာဂူဆန်အား ကတိပေးခဲ့ခြင်းဟု သိရသည်။ ယခုအခါ ဖာဂူဆန် အနားယူသွားပြီဖြစ်ပြီး ယူနိုက်တက်တွင် နောက်ထပ် နည်းပြနှစ်ဆက် ပြောင်းလဲခဲ့သည့်တိုင် ဟမ်မဲလ်စ်ကို အသင်း၏ အဓိက ပစ်မှတ် အနေဖြင့် စောင့်ကြည့်နေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဟမ်မဲလ်စ်က ရာသီကုန်တွင် ၎င်းအနေဖြင့် ဒေါ့တ်မန်တွင် ဆက်နေရန် မသေချာကြောင်း မီဒီယာများထံ ပြောကြားခဲ့သည့်နောက် နွေရာသီတွင် ယူနိုက်တက်သို့ ပြောင်းရွှေ့တော့မည်ဆိုသော ထင်ကြေးများ ပိုမို အားကောင်းလာသည်။ ဒေါ့တ်မန်ကမူ လက်ရှိအချိန်တွင် ဟမ်မဲလ်စ်အတွက် မည်သည့် ကမ်းလှမ်းမှုမျှ မရှိသေးကြောင်း ငြင်းဆိုထားသည်။ Daily Mailက (၂၀၁၁-၁၂) ဂျာမန်ဖလား ဗိုလ်လုပွဲ အပြီးတွင် ဖာဂူဆန်သည် ဟမ်မဲလ်စ်အပြင် ရောဘတ် လီဝင်ဒေါစကီးနှင့် ရှင်ဂျီကာဂါဝါတို့ကိုပါ ခေါ်ယူရန်အားထုတ်ခဲ့သော်လည်း ကာဂါဝါ တစ်ဦးတည်းကိုသာ လက်တွေ့ စာချုပ်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ဒေါ့တ်မန်သည် လီဝင်ဒေါစကီးနှင့် ဟမ်မဲလ်စ်တို့ကို ကြံ့ကြံ့ခံ ထိန်းသိမ်းထားပြီး အသင်းမှ ထွက်ခွာခွင့် မပြုခဲ့သည့်တိုင် ဟမ်မဲလ်စ်ကမူ မိမိသည် ယူနိုက်တက်သို့ တစ်နေ့နေ့တွင် လာရောက်မည်ဟု ဖာဂူဆန်ထံ ကတိပြုခဲ့ကြောင်း သိရသည်။ ယခုအခါ အသက်(၂၆)နှစ် ရှိနေပြီဖြစ်ပြီး ဒေါ့တ်မန်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားသည့် ဟမ်မဲလ်စ်သည် ဒေါ့တ်မန်၏ ဆိုးရွားသော ဘောလုံးရာသီ ဖြတ်သန်းမှုများအပြီး ရာသီကုန်တွင် အသင်းမှ ထွက်ခွာရန် အလွန်နီးစပ်လာခဲ့သည်။ လက်ရှိ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်သည်လည်း ခံစစ်ပိုင်းကို အားဖြည့် မွမ်းမံရန် ကြိုးပမ်းနေရာ ဟမ်မဲလ်စ်သည် ၎င်းအနှစ်သက်ဆုံး ကစားသမား တစ်ဦးအနေဖြင့် ရှိနေကြောင်းလည်း သတင်းကြီးလျက်ရှိသည်။

Soccer Myanmar

No comments:

Post a Comment