Pages
▼
Tuesday, April 21, 2015
ရာသီအကုန်တွင် လီဗာပူးလ်အသင်းမှ ကစားသမား ဆယ်ဦးခန့် ထွက်ခွာဖွယ်ရှိ
ရာသီအကုန်တွင် လီဗာပူးလ်အသင်းမှ ကစားသမား ဆယ်ဦးခန့် ထွက်ခွာဖွယ်ရှိ
Written by အောင်ငြိမ်းသွေး
အင်္ဂလန်၊ ဧပြီ ၂၁။ ။ ယခုနှစ် ရာသီအကုန်တွင် လီဗာပူးလ် အသင်းမှ အဓိက ကစားသမား များအပါအ၀င် ကစားသမား ဆယ်ဦးခန့် ထွက်ခွာဖွယ် ရှိနေ သည့်အတွက် နည်းပြ ဘရန်ဒန်ရော်ဂျာ အတွက် အခက်တွေ့ လျက်ရှိသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဗီလာအသင်းကို ရှုံးနိမ့်ပြီး အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက်တွင် နည်းပြဘရန်ဒန်ရော်ဂျာသည် သုံးရာသီ ဆက်တိုက် ဖလားလက်မဲ့ အဖြစ်နှင့် ရင်ဆိုင်ခဲ့ ရသည်။
ယခုအချိန်တွင်ရော်ဂျာသည် ၎င်း၏အနာဂတ်နှင့် ပတ်သက်ပြီး စိုးရိမ် ပူပန်နေရသည့်အပြင် ကစားသမား အများအပြား ထွက်ခွာမည့် အရေးနှင့်လည်း ရင်ဆိုင် ရလျက် ရှိသည်။
အသင်းခေါင်းဆောင် ဂျရတ် မှာမေဂျာ လိဂ်ကလပ် ဂလက်ဆီအသင်း သို့ပြောင်းရွှေ့ရန် သဘော တူညီမှု ရရှိပြီး ဖြစ်သလို အသင်းမှ ထွက်ခွာဖွယ်ရှိနေ သူများ စာရင်းတွင် စတာလင်း၊ ဂလင်းဂျွန်ဆင်၊ ကိုလိုတိုရေး၊ ဘာလော့တယ်လီနှင့် စတာတယ်တို့ကဲ့သို့ ကစားသမားကောင်းများ ပါဝင်လျက်ရှိသည်။ ကျန်ကစား သမားများမှာ အရန်ကစားသမား များဖြစ်သည်။
အသင်းမှ စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းမှုကို ငြင်းပယ်ထားသည့် စတာလင်းကို မန်စီးတီးအသင်းက ခေါ်ယူရန်အလိုရှိနေပြီး စီးရီးအေထိပ် သီးဂျူဗင်တပ်စ် ကလည်း စိတ်ဝင်စား လျက်ရှိသည်။
နောက်ခံလူ စတာတယ်ကိုမူ ၀ုဖ်ဘတ်အသင်း ကခေါ်ယူ လိုနေပြီး ဂလင်းဂျွန်ဆင်နှင့် ကိုလိုတိုရေးတို့မှာ စာချုပ်သက်တမ်း ကုန်ဆုံးသွား ပြီဖြစ်သည်။
ဘာလော့တယ်လီကိုမူ တစ်ပတ်လျှင် လစာငွေ ပေါင်ကိုးသောင်း ပေးချေနေရသည့်အတွက် လီဗာပူးလ်အသင်းက ရောင်းချလိုနေခြင်းဖြစ်ပြီး ကမ်းလှမ်း မှုများ ကိုစောင့်ဆိုင်း လျက်ရှိသည်။
ဒုတိယအသင်းခေါင်းဆောင် ဟန်ဒါဆန်မှာမူ တစ်ပတ်လုပ်ခ လစာငွေ ပေါင်တစ်သိန်းဖြင့် စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေသည်။
Ref: Daily Mail
Mizzima
No comments:
Post a Comment