Pages

Tuesday, April 21, 2015

ဒီမာရီယာ ရဲ့မျှော်လင့်ချက်တွေ နဲ့သေရာပါ Number 7



ဒီမာရီယာ ရဲ့မျှော်လင့်ချက်တွေ နဲ့သေရာပါ Number 7
Written by  အောင်ငြိမ်းသွေး

အင်္ဂလန်၊ ဧပြီ ၂၁။      ။ အာဂျင်တီးနား တိုက်စစ် ကစားသမား ဒီမာရီယာရဲ့ မန်ချက်စတာ ခရီးက ကြမ်းတမ်း ခဲ့ပါတယ်။ မန်ယူ ကိုရောက်စ မှာခြေစွမ်းပြနိုင်  ခဲ့ပေမယ့်နောက်ပိုင်း မှာခြေစွမ်းပိုင်း ကျဆင်းမှု နဲ့အတူဝေဖန် မှုတွေနဲ့ ဒီမာရီယာ ရင်ဆိုင်ခဲ့ ရတာပါ။
အင်္ဂလန် ဆိုတာ ကလည်း မီဒီယာ အားကောင်းလှ တဲ့နိုင်ငံဖြစ်လို့ ဒီမာရီယာ မန်ယူကနေ ထွက်ခွာတော့ မယ်ဆိုတဲ့ သတင်းတွေက မကြားချင်၊ မမြင်ချင် အဆုံးတွေ့နေ ရပါတယ်။

ဒါပေမဲ့ တွစ်တာမှာ ဒီမာရီယာနောက်ဆုံးတင်လိုက်တဲ့ ဓာတ်ပုံကြောင့် မန်ယူမှာ ပျော်ရွှင်နေပြီး ဘယ်မှမသွားဘူးလို့ ပြောလိုက် သလိုပါပဲ။ တက်တူးတွေ ကိုနှစ် သက်တဲ့ ဒီမာရီယာဟာ သူ့ရဲ့ ဘယ်ဘက်လက်မောင်းမှာ မန်ယူရဲ့ ဂန္ထ၀င်ကျောနံပါတ် 7 ပုံကို ရေးထိုးခဲ့တာပါ။ ဒါက မန်ယူဂျာစီ 7 ကို ၀တ်ဆင်ရတာ သဘော ကျတယ် လို့ပြောလိုက် သလိုပါပဲ။

ဒီမာရီယာဟာ ဘောလုံးသမားဘ၀စတင်ခဲ့တဲ့ ရိုဆာရီယိုစင်ထရယ်မှာ ကျောနံပါတ် ၂၀ ကို ၀တ်ဆင်ခဲ့တာ ဖြစ်ပြီး ဘင်ဖီကာကို ရောက်ရှိချိန်မှာလည်း နံပါတ် ၂၀ ကိုပဲ ၀တ်ဆင်ခဲ့ပါတယ်။ ရီးယဲလ်လိုအသင်းကြီးကို ရောက်ချိန်မှာတော့ သူကြိုက်ရာ နံပါတ်ကို ရွေးချယ်ခွင့်မရတော့ပဲ နံပါတ် ၂၂ ကို ၀တ်ဆင်ခဲ့ရပါတယ်။ အဲ့ဒီနောက် မန်ယူကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ နဲ့ ရောက်ရှိလာချိန်မှာတော့ ဂန္ထ၀င်ကျောနံပါတ် 7 ကို ၀တ်ဆင်ခွင့် ရခဲ့ပါတယ်။

အဲ့ဒီနောက်ဒီမာရီယာဟာ အာဂျင်တီးနားမှာလည်း နံပါတ် 7 ဂျာစီကိုသာ ၀တ်ဆင်ပါတော့တယ်။ အရင်ကဆိုရင် ၁၈၊ ၁၉၊ ၁၁၊ ၈ စတဲ့ နံပါတ်တွေကို ၀တ်ဆင် ခဲ့တာပါ။

ကြီးမား တဲ့မျှော်လင့်ချက်တွေ နဲ့ကျောနံပါတ် 7 ကိုပေးသူ ကပေး၊ ၀တ်သူ က၀တ် ခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူမှာ ဒီမာရီယာရဲ့ ဘ၀က ရုန်းကန်နေ ရဆဲပါ။ အရေးပြားပေါ်မှာ တက်တူးတင်လိုက်ရုံနဲ့တော့ မန်ယူပရိသတ်တွေက ကျေနပ်နေမှာ မဟုတ်ပါဘူး။ ကွင်းထဲက ခြေစွမ်းကောင်းကို မျှော်လင့်နေကြဦးမှာပါ။

Ref: Daily Mail

Mizzima

No comments:

Post a Comment