Thursday, April 9, 2015
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှံးထွက် ဘောလုံးပြိုင်ပွဲကို ဘောလုံးကလပ်အသင်း နှစ်ဆယ့်နှစ်သင်း ၀င်ပြိုင်မယ်
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှံးထွက် ဘောလုံးပြိုင်ပွဲကို ဘောလုံးကလပ်အသင်း နှစ်ဆယ့်နှစ်သင်း ၀င်ပြိုင်မယ်
ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့ကို ဂုဏ်ပြု ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှံးထွက် ဘောလုံး ပြိုင်ပွဲကို မြန်မာ နေရှင်နယ်လိဂ် ဘောလုံးကလပ် နှစ်ဆယ့်နှစ်သင်း ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
အဆိုပါ ရှံးထွက် ဘောလုံးပြိုင်ပွဲကို အရင်နှစ်တွေက ရှုံးထွက်ဖလား အမည်တွေ နဲ့ ကျင်းပနေရာမှ ယခုနှစ်ပြိုင်ပွဲမှာတော့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အမည်နဲ့  ပြောင်းလဲ ကျင်းပတာလို့ သိရပါတယ်။ “သည်နှစ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်နဲ့ တိုက်ဆိုင်နေလို့  အခုလိုပြိုင်ပွဲ နာမည်နဲ့ လုပ်ဖြစ်တာပါ။ ဟိုအရင် အချိန်တွေတုန်းကလည်း ဗိုလ်ချုပ်အောင်ဆန်းဒိုင် အမည်နဲ့ လုပ်ခဲ့တာတွေ ရှိပါတယ်။နောက်ပိုင်းမှာတော့ ပြိုင်ပွဲကို စပွန်ဆာ ပေးတာပေါ် မူတည်ပြီး ပြောင်းလဲ ခဲ့ရတာပါ။ သည်နှစ်မှာပြိုင်ပွဲ စပွန်ဆာပေး လာရင်တောင် မပြောင်းပါဘူး”လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ ချုပ် ဒုဥက္ကဌနဲ့ အထွေထွေ အတွင်းရေးမှူး ဦးဘန်နီတင်အောင်က ပြောပါတယ်။
၂၀၁၅ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှံးထွက် ဘောလုံး ပြိုင်ပွဲကို ဧပြီ၂၅ရက်နေ့မှ အောက်တိုဘာ ဆယ်ရက်နေ့ အထိ သုဝဏ္ဍ၊အောင်ဆန်းနဲ့ ပေါင်းလောင်း ကွင်းတွေမှာ ကျင်းပမှာ ဖြစ်ပြီး မြန်မာ နေရှင်နယ်လိဂ်ဝမ်းမှ ဆယ့်တစ်သင်း၊ မြန်မာနေရှင်နယ် လိဂ်တူးမှ ဆယ့်တစ်သင်း ပါဝင် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ ရှံးထွက်ဖလား ဘောလုံးပြိုင်ပွဲမှာတော့ မြန်မာနေရှင်နယ်လိဂ် ဧရာဝတီ ယူနိုက်တက် အကြိမ် အရေအတွက် အများဆုံး ရရှိထားတယ်လို့ သိရပါတယ်။
Photo Credit – MFF
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment