Pages

Subscribe:

Tuesday, April 28, 2015

ဒီပေးကို ခေါ်ယူရေးတွင် ယူနိုက်တက်ကို လီဗာပူးလ်က အသာစီး ရယူနိုင်ဖွယ်ရှိနေ



ဒီပေးကို ခေါ်ယူရေးတွင် ယူနိုက်တက်ကို လီဗာပူးလ်က အသာစီး ရယူနိုင်ဖွယ်ရှိနေ

မမ်းဖစ်ဒီပေးကို ခေါ်ယူရေး ကြိုးပမ်းမှုတွင် လီဗာပူးလ်က မန်ချက်စတာ ယူနိုက်တက် အပေါ် အသာစီး ယူနိုင်မည့် အလားအလာ ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Goal.comက ယူနိုက်တက် အနေဖြင့် PSV အင်ဒိုဗန် အသင်း၏ တောင်ပံတိုက်စစ် ကစားသမားလေးကို ချိတ်ဆက် ရာတွင် နှောင့်နှေးမှုများ ရှိနေသော်လည်း လီဗာပူးလ်ကမူ အလေးအနက် စိတ်ဝင်စားမှု ပြသနေကြောင်း ဆိုသည်။ ဒီပေးကို ကိုယ်စားပြုသည့် အေးဂျင့်အဖွဲ့အစည်းမှ ပုဂ္ဂိုလ်တစ်ဦးသည် ယူနိုက်တက်၏ AON လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိနေခဲ့ကြောင်း Twitterတွင် ဓာတ်ပုံလွှင့်တင်ခဲ့သည့်တိုင် ဒီပေးအနေဖြင့် အိုးလ်ထရက်ဖို့ဒ်သို့ သေချာပေါက် ပြောင်းရွှေ့ဖြစ်ရန် အတန်ငယ် အလှမ်းဝေးနေဆဲဟု သိရသည်။

ယခုအခါ နယ်သာလန်ရှိ သတင်းရင်းမြစ် အချို့က မန်နေဂျာ ဘရန်ဒန်ရော့ဂျာ၏ အသင်းသည် ပရီးမီးယားလိဂ် ခါးသီးပြိုင်ဘက်အပေါ် အသာစီးယူကာ ဒီပေးကို စာချုပ်နိုင်ရန် အခွင့်အလမ်း ပိုများလာကြောင်း Goal.comသို့ ပြောကြားခဲ့သည်။ ရော့ဂျာ ကိုယ်တိုင်ကလည်း အသက်(၂၁)နှစ်ရှိ ဒီပေးသည် အလွန် ပါရမီပြည့်ဝသည့် ကစားသမားလေး တစ်ဦးအဖြစ် အသိအမှတ်ပြု မှတ်ချက်ပေးထားသည်။ ဒီပေးသည် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် နယ်သာလန် အသင်းတွင် လက်ရှိ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်၏ လက်အောက်၌ ကစားခဲ့ဖူးသည့်အတွက် ဗန်ဂါးလ်က ၎င်းကို ပြန်လည် ခေါ်ယူဖြစ်မည်ဟု သတင်းကြီးနေသည်။

ဒီပေးသည် ဥရောပတွင် အလားအလာ အကောင်းဆုံး တက်သစ်စ လူငယ်တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး နယ်သာလန် လိဂ်ပွဲစဉ် (၂၈)ပွဲတွင် (၂၁)ဂိုး သွင်းယူကာ PSVအသင်း ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment