Tuesday, April 21, 2015
မက်ဆီ ဟာ ကစားသမားဘဝက အနားယူသွားသည့်တိုင်အောင် ဘာကာ အသင်းမှာ ကစားသွားနိုင်ပါတယ် (ဘာတိုမျူ)
မက်ဆီ ဟာ ကစားသမားဘဝက အနားယူသွားသည့်တိုင်အောင် ဘာကာ အသင်းမှာ ကစားသွားနိုင်ပါတယ် (ဘာတိုမျူ)
ဘာကာအသင်း ဥက္ကဌ ဘာတိုမျူး က မက်ဆီ သည် နောက်ထပ်နှစ်များ စွာ ဘာကာ အသင်းမှာ ဆက်ကစားသွားမည်လို့ မျှော်လင့်နေပြီး သူတို့ဟာ ပေါ်ပေါ့ဘာ ရဲ့ အပြောင်းအရွှေ့ ကို စိတ်မဝင်စားကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
အာဂျင်တိုင်းသား သည် ၁၃ နှစ်သားကတည်းက ဘာကာ အသင်းသို့ရောက်ရှိနေတာဖြစ်ပါတယ်။ မက်ဆီ သည် လူငယ် အကယ်ဒမီ မှနေပြီး ဘာကာ အသင်းကြီးသို့ ရောက်ရှိပြီး လာလီဂါဖလား ခြေက်ကြိမ်၊ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဖလား သုံးကြိမ်၊ ကမ္ဘာ့ ကလပ်အသင်းများ ဖလား နှစ်ကြိမ် ရရှိခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု လေးကြိမ်ရရှိခဲ့ပါတယ်။ မက်ဆီ ဟာ ဘာစီလိုနာ အသင်းရဲ့ ဂိုးအများဆုံးသွင်းယူထားသည့် ကစားသမားလည်းဖြစ်ပါတယ်။
ယခုရာသီ အစပိုင်း က မက်ဆီကို ကမ့်နူးမှနေခေါ်ယူရန်ချိတ်ဆက်ခဲ့တဲ့ အသင်းများရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘာတိုမျူ က သူဟာ မက်ဆီကို အမြဲဆက်နေသွားစေလိုပါတယ်။
"""ကျွန်တော်တို့ ဟာ မက်ဆီ ကဲ့သို့ ဦးဆောင်နိုင်တဲ့သူတွေနဲ့ အလုပ်လုပ်နေပါတယ်၊ သူဟာ ကမ္ဘာ့ အကောင်းဆုံးကစားသမားပါ၊ သူဘောလုံးလောက ကနေ ထွက်ခွာသွားဖို့ ဆုံးဖြတ်ချက် ချပြီးတဲ့အချိန်အထိ သူ့အတွက် ဘာကာမှာ နေရာရှိပါတယ်""" ဘာတိုမျူ က အာအမ်စီ သို့ပြောကြားခဲ့ပါတယ်။
ဘာတိုမျူ က ဂျူဗင်တပ်စ် ကွင်းလယ်လူ ပေါ့ဘာ ကို ခေါ်ယူဖို့လည်း အလျှင် မလိုပါဘူးလို့ ပြောကြားခဲ့ပါတယ်။
"""ပေါ့ဘာ ဟာ ထိပ်တန်း ကစားသမားတစ်ယောက်ပါ၊ ဒါပေမဲ့ လက်ရှိအချိန်မှာ သူ့ကို အသင်းလူစာရင်းမှာ ထပ်မံပေါင်းထည့်ဖို့မလိုသေးပါဘူး""" လို့ပြောကြားခဲ့ပါတယ်။
""" ကျွန်တော်တို့မှာ ကစားသမားဝယ်ယူခွင့် ပိတ်ပင်ခံထားရပါတယ်၊ ယခုလို ပိတ်ပင်ထားမှုဟာ ဇန်နဝါရီ ၂၀၁၆ အထိပါ၊ တချို့ကစားသမားတွေ ထွက်ခွာသွားမည်ဖြစ်ပြီး တချို့ရောက်ရှိလာပါလိမ့်မယ်၊ အဲဒီအတွက် ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်၊ ကျွန်တော်တို့ နောက်ရာသီအတွက်ပြင်ဆင်နေပါတယ်၊ ဒါပေမဲ့ အမည်စာရင်းတော့ ပြောပြမှာမဟုတ်ပါဘူး၊ ပေါ့ဘာဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး သူဟာ ဂျူဗင်တပ်စ် အသင်း နှင့်စာချုပ်ခိုပ်ဆိုထားသူပါ၊ အဲဒါကို ကျွန်တော်တို့လေးစားရပါမယ်၊ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ တစ်ယောက်ယောက်ကို စာချုပ်ခေါ်ယူဖို့ မမျှော်လင့်ပါနဲ့၊ ဒါပေမဲ့ လူတိုင်းကတော့ အကောင်းဆုံးကစားသမားကို လိုချင်ကြတာပါပဲ၊ ကျွန်တော်တို့မှာလည်း အကောင်းဆုံးကစားသမားတွေ ရှိပါတယ်၊ တခြားသူတွေလည်း ရှိချင်ကြမှာပါပဲ""" လို့ ဘာကာ ဥက္ကဌ ကပြောကြားခဲ့ပါတယ်။
#KS
Football Cafe
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment