Tuesday, April 21, 2015
မြန်မာအသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲဝင်ရန် ဘန်ကောက်မြို့ ကို အိမ်ကွင်းအဖြစ်ကျင်းပရန် မြန်မာ့ဘောလုံးအဖွဲ့ချုပ်ကြိုးပမ်း
မြန်မာအသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲဝင်ရန် ဘန်ကောက်မြို့ ကို အိမ်ကွင်းအဖြစ်ကျင်းပရန် မြန်မာ့ဘောလုံးအဖွဲ့ချုပ်ကြိုးပမ်း
မြန်မာဘောလုံးအသင်း ရဲ့ ၂၀၁၈ ကမ္ဘာ့ဖလား စြေစ်ပွဲများကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပနိုင်ရန် မြန်မာဘောလုံးအဖွဲ့ချုပ်နှင့် ထိုင်းဘောလုံး အဖွဲ့ချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြန်မာ ဘောလုံးပရိတ်သတ်များပါ ကြည့်ရှုခွင့်ရရန် ဆွေးနွေးခဲ့တယ်လို့ MFF သတင်းတွင် ဖေါ်ပြထားပါတယ်။
၂၀၁၁ ခုနှစ် ဇူလိုင်လက ကျင်းပခဲ့သော ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြစ်သည့် မြန်မာ နှင့် အိုမန် ပွဲတွင် မြန်မာပရိတ်သတ်များရဲ့ စည်းကမ်းမဲ့ အပြုအမူများကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ခွင့် နှင့် ဒဏ်ငွေ ယူရို ၂၀၅၀၀ ပစ်ဒဏ်ချမှတ်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ မြန်မာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ အယူခံအောင်မြင်ခဲ့ပြီး ဒဏ်ငွေသာ ပေးဆောင်ရမည်ဖြစ်ကာ မြန်မအသင်း ရဲ့ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲလည်း ပြန်လည်ကစားခွင့်ရရှိခဲ့ပါတယ်၊၊ဖီဖာ က မြန်မာ အသင်းရဲ့ အိမ်ကွင်းပွဲစဉ်များကိုကြားကွင်းတွင်သာ ကျင်းပခွင့် ပေးတာကြောင့် MFF ကထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခွင့်ရရှိရန် ကြိုးပမ်း နေခြင်း ဖြစ်တယ်လို့ MFF သတင်းတွင်ဖေါ်ပြထားပါတယ်။
မြန်မာ အသင်း သည် ၂၀၁၈ ကမ္ဘာ့ ဖလား ခြေစစ်ပွဲ အုပ်စု ဂျီ တွင် တောင်ကိုးရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ မြန်မာ၊ လာအို တို့နှင့် ကျရောက်နေပြီး ပွဲဦးထွက်အဖြစ် တောင်ကိုးရီးယား နှင့် ဇွန် ၁၆ ရက်နေ့တွင် အိမ်ကွင်း အဖြစ် စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။ ယခု အာရှဇုန် ခြေစစ်ပွဲများ သည် ၂၀၁၉ တွင် ကျင်းပမည့် အာရှဖလားပွဲ အတွက်ပါ အကျုံးဝင်သဖြင့် ပြိုင်ဆိုင်မှု ပြင်းထန် လိမ့်မည် လို့ MFF တွင်ဖေါ်ပြထားသည်များ ကို အခြေခံ၍ တင်ပြပေးလိုက်ပါတယ်။
Source: Myanmar Football Federation (MFF)
#KS
Football Cafe
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment