Pages

Subscribe:

Tuesday, April 21, 2015

ဗန်ဟာလ်းရဲ့ နွေရာသီဈေးကွက်အတွက် ပထမဦးဆုံး ခေါ်ယူမှု ဖြစ်လာနိုင်တဲ့ ပီအက်စ်ဗွီ စတား ဒီပေး



ဗန်ဟာလ်းရဲ့ နွေရာသီဈေးကွက်အတွက် ပထမဦးဆုံး ခေါ်ယူမှု ဖြစ်လာနိုင်တဲ့ ပီအက်စ်ဗွီ စတား ဒီပေး
========================
မန်ယူနိုက်တက် နည်းပြ ဗန်ဟားလ်သည် လာမည့်နွေရာသီ အပြောင်းအရွေ့ ဈေးကွက်အတွက် ပထမဦးဆုံး ခေါ်ယူမှု
အဖြစ် ဟော်လန်လက်ရွေးစင် ကစားသမား ပီအက်စ်ဗွီစတား ဒီပေး ကို အဓိက ပစ်မှတ်ထား ခေါ်ယူသွားရန် ပြင်ဆင် နေကြောင်း
Daily Mail ကဖော်ပြသွားခဲ့သည်။

ဗန်ဟားလ်သည် ဟော်လန်နည်းပြအဖြစ် တာဝန်ယူစဉ်က ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ဟော်လန်အသင်း၏ ဇကာတင် ၂၃ ဦးစာရင်းတွင်
လူသိနည်းသော အဆိုပါ ပီအက်ဗွီ၏ လူငယ်ကစားသမား ဒီပေး ကိုရဲရဲဝင့်ဝင့် ရွေးချယ်ခဲ့သည်။ ဒီပေးကို မန်ယူနိုက်တက် အပြင်
ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားနေပြီး၊ စပါးအသင်းကလည်း စိတ်ဝင်စားလျက်ရှိနေသည်။

ပီအက်စ်ဗွီ အားကစား ဒါရိုက်တာက စပါးအသင်းအနေဖြင့် ယမန်နှစ်က အဆိုပါ ကစားသမားအတွက် ပေါင်(၁၅)သန်းဖြင့် ကမ်းလှမ်းမှု
ပြုလုပ်ခဲ့ကြောင်း၊ သို့သော်လည်း ဒီပေးသည် ထို့ထက်မက တန်ကြေးရှိသော ကစားသမား ဖြစ်သောကြောင့် ငြင်းပယ် ခဲ့ကြောင်း
ပြောကြားခဲ့သည်။ ပီအက်စ်ဗွီ အားကစားဒါရိုက်တာက - "အရင်နှစ်က စပါးက (၁၅)သန်းနဲ့ ကမ်းလှမ်းခဲ့တယ်၊ ဒါပေမယ့် ကျွန်တော်တို့ ငြင်းခဲ့တယ်၊
လက်ရှိအချိန်မှာတော့ ဒီပေးဟာ မနှစ်ကထက်တောင် ပိုပြီးတန်ကြေးရှိနေပါပြီ" ဟုပြောကြားလိုက်သည်။

ထို့အပြင် မန်ယူနိုက်တက်နှင့်ပတ်သက်ပြီး - "ဟုတ်ပါတယ်၊ မန်ယူနိုက်တက် အသင်းက တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်၊ ဒ့ါအပြင်
ပီအက်စ်ဂျီအသင်းကလည်း ကမ်းလှမ်းထားတယ်၊ နောက်ထပ် ဥရောပ အသင်းကြီးတစ်သင်းကလည်း ကမ်းလှမ်းထားပါတယ်" ဟု ထုတ်ဖော်ပြောကြား
သွားခဲ့သည်။

ဒီပေးသည် ယခုနှစ်ရာသီ ပီအက်စ်ဗွီအတွက် ၂၆ ပွဲကစားပေးထားကာ၊ ဂိုးပေါင်း (၂၀)အထိ သွင်းယူပေးထားသော ကစားသမား ဖြစ်ပြီး၊ မီဒီယာ ခန့်မှန်းချက်
များအရ ဒီပေးသည် ၎င်းအား ဟော်လန်လက်ရွေးစင်အဖြစ် စင်ပေါ်တင်ပေးခဲ့သော ဆရာဟောင်းဖြစ်သူ ဗန်ဟားလ်ဖြင့် လက်တွဲသွားရန် ရာနှုန်းများနေကြောင်း
သိရသည်။

#အောင်ဇော်လတ်(မိုးနဲ)
Ref: Daily Mail

Football Cafe

0 comments:

Post a Comment