Pages

Subscribe:

Tuesday, April 21, 2015

မြန်မာ့လက်ရွေး စင်နည်းပြ မိုဗစ်၏ အနာဂတ်နှင့် ပတ်သက်၍ အဖွဲ့ချုပ် မဆုံးဖြတ်ရသေး



မြန်မာ့လက်ရွေး စင်နည်းပြ မိုဗစ်၏ အနာဂတ်နှင့် ပတ်သက်၍ အဖွဲ့ချုပ် မဆုံးဖြတ်ရသေး
Written by  ရွှေဘုတ်

ဧပြီ ၂၁၊ ရန်ကုန်။       ။ မြန်မာ့လက်ရွေးစင်ဘောလုံး အသင်း၏ နည်းပြချုပ်အေဗရာမိုဗစ်သည် လာမည့် ဇွန်လတွင် စာချုပ် သက်တမ်း ကုန်ဆုံး မည်ဖြစ်သော် လည်း စာချုပ်သက်တမ်း တိုးရန်မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အနေဖြင့် ဆုံးဖြတ်ရခြင်း မရှိသေးဟု ဒု-ဥက္ကဋ္ဌ ဦးတင်အောင်က မဇ္ဈိမ သို့ပြောသည်။


ဆားဘီးယားနိုင်ငံ သားတစ်ဦးဖြစ် သူအေဗရာ မိုဗစ်သည်  ၂၀၁၄ဖေဖော်ဝါရီ တွင်မြန်မာ့ လက်ရွေး စင် အသင်းကို စတင်ကိုင် တွယ်ခဲ့ပြီး ၂၀၁၄ ဖိလစ်ပိုင်ငြိမ်း ချမ်းရေးဖလား ရရှိအောင် စွမ်းဆောင် ထားနိုင်ခဲ့သည်။

မိုဗစ်၏စာချုပ်ကိစ္စနှင့် ပတ်သက်၍ “ကျွန်တော့်ကို ဒီရက်ပိုင်းအတွင်းမိုဗစ်စာချုပ်သစ် ကိစ္စတော်တော် လာမေးနေပါ တယ်။လောလောဆယ်တော့ ကျွန်တော်တို့သူ့ရဲ့စာချုပ်သက်တမ်း ကိုပြန်မကြည့် ရသေးပါဘူး။ပြန် ကြည့်ပြီးမှပဲအား လုံးနဲ့အစည်း အဝေးတိုင်ပင်ပြီး စာချုပ်တိုး မတိုးဆုံးဖြတ် သွားမှာ ပါ။ လက်ရှိတော့ ဘာမှကြိုပြီးတော့ စီစဉ်ထားတာ မျိုးမရှိသေးပါဘူး ” ဟု ဦးတင်အောင် ကပြော သည်။

မိုဗစ်သည် ယခင်က စင်ကာပူလက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ဖူးပြီး ၂၀၀၄၊ ၂၀၀၇၊၂၀၁၄ ၌ အာ ဆီယံ ချန်ပီယံ ဖလားကို သုံးကြိမ်တိုင် ဆွတ်ခူးပေးနိုင်ခဲ့ပြီး ၂၀၀၇ တွင် စင်ကာပူ ယူ-၂၃ အသင်း ကိုငွေတံဆိပ်ရရှိရန် စွမ်းဆောင်ပေးနိုင် ခဲ့သည့် နည်းပြတစ်ဦးဖြစ်သည်“ ကျွန်တော်လောလော ဆယ်တော့ စာချုပ် သက် တမ်းတိုးဖို့ ကိစ္စနဲ့ ပတ်သက်ရင် ဘာမှ သေချာမသိသေးပါဘူး။ လက်ရှိ အ ထိလည်း ဘာမှမဆုံးဖြတ်ရသေးပါဘူး။ အသင်း ကိုအောင်မြင်အောင် လုပ်ဖို့ပဲစဉ်းစား ထားပါတယ် ”ဟုအေဗရာမိုဗစ်က သူ၏အနာဂတ်နှင့်စပ်လျဉ်း၍ မဇ္ဈိမ သို့ပြော သည်။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် အေဗရာမိုဗစ်လက်ထက်တွင် ၂၀၁၄ မှ လက်ရှိ အထိနိုင်ငံ တကာပြိုင် ပွဲပေါင်း ၁၃ ပွဲ၌ခြောက်ပွဲနိုင်နှစ် ပွဲသရေ ငါးပွဲ ရှုံး ရလဒ်ဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့သည့် ဧပြီလ ကမ္ဘာ့အဆင့် ရပ်တည်မှု စာရင်းတွင် မူလအဆင့်မှ အဆင့် ငါး ဆင့် ထိ ကျဆင်းခဲ့သည်။

Mizzima

0 comments:

Post a Comment