Pages

Subscribe:

Sunday, April 19, 2015

ငါးရာသီဆက်တိုက် ပြိုင်ပွဲစုံ ဂိုး ၅၀ သွင်းနိုင်ခဲ့သည့် ပထမဆုံး လာလီဂါ ကစားသမား ရော်နယ်ဒို



ငါးရာသီဆက်တိုက် ပြိုင်ပွဲစုံ ဂိုး ၅၀ သွင်းနိုင်ခဲ့သည့် ပထမဆုံး လာလီဂါ ကစားသမား ရော်နယ်ဒို
မာလာဂါကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ရီးရဲလ်အတွက် ပွဲသိမ်းဂိုး သွင်းပေးခဲ့သော ရော်နယ်ဒို သည် ငါးရာသီဆက်တိုက် ပြိုင်ပွဲစုံ ဂိုး ၅၀ နှင့်အထက် သွင်းနိုင်သော ပထမဆုံး လာလီဂါ ကစားသမား ဖြစ်လာခဲ့သည်။
မာလာဂါနှင့်ပွဲတွင် ပွဲချိန် ၆၇ မိနစ်၌ ရီးရဲလ်အသင်း ပင်နယ်တီ ကန်ခွင့်ရခဲ့သော်လည်း ရော်နယ်ဒို၏ ပင်နယ်တီ ကန်ချက် တိုင်ထိထွက်ခဲ့သည်။ သို့သော် ရော်နယ်ဒိုသည် ယခုရာသီ ၎င်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၅၀ မြောက်ဂိုးကို ထပ်ဆောင်းအချိန်ပို၌ သွင်းယူနိုင်ခဲ့သည်။
နောက်ဆုံးကစားခဲ့သည့် လိဂ်ပွဲစဉ် ၅ ပွဲတွင် ၉ ဂိုးအထိ သွင်းနိုင်ခဲ့သော ရော်နယ်ဒိုသည် ပြိုင်ပွဲစုံ ၄၅ပွဲတွင် ဂိုး ၅၀ သွင်းနိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ လာလီဂါ သွင်းဂိုးမှာလည်း ၃၉ ဂိုးအထိ ရှိလာခဲ့သည်။
‪#‎ဗျည်း‬

Football Cafe

0 comments:

Post a Comment