Sunday, April 19, 2015
ဟန်ဆောင်လှဲကျခဲ့တဲ့ ကစားသမားဟာ ချဲလ်ဆီးကသာ ဖြစ်ခဲ့မယ်ဆိုရင် မီဒီယာခေါင်းကြီးပိုင်းမှာ နေရာယူနေလောက်ပြီ (မော်ရင်ညို)
ဟန်ဆောင်လှဲကျခဲ့တဲ့ ကစားသမားဟာ ချဲလ်ဆီးကသာ ဖြစ်ခဲ့မယ်ဆိုရင် မီဒီယာခေါင်းကြီးပိုင်းမှာ နေရာယူနေလောက်ပြီ (မော်ရင်ညို)
ချဲလ်ဆီးနည်းပြ မော်ရင်ညိုက စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် မန်ယူအသင်းအား ဧည့်ခံကစားခဲ့သော ပွဲစဉ်၌ နာကျင်အချိန်ပိုတွင်
ချဲလ်ဆီး ဂိုးစည်းထဲ မန်ယူကွင်းလယ်ကစားသမား ဟာရဲရားနှင့် ချဲလ်ဆီးနောက်ခံလူ ကာဟေး ဘောလုံး ယှဉ်လုစဉ် ဟာရဲရား
လဲကျသွားခဲ့သည်။ ကွင်းလယ်ဒိုင်မှ ဟာရဲရားအား ဟန်ဆောင်လှဲချသည်ဟု ဆုံးဖြတ်ပြီး အ၀ါကဒ်ပြ သတိပေးသွားခဲ့သည်။
ထိုကဲ့သို့ ဟန်ဆောင်လှဲချသည့် ကစားသမားမှာ ချဲလ်ဆီး ကစားသမား ဖြစ်ခဲ့ပါက နောက်နေ့ထွက် မီဒီယာစာမျက်နှာထက်တွင်
ခေါင်းကြီးပိုင်းမှ ပါလာမည် ဖြစ်ကြောင်း၊ မန်ယူအသင်းကဖြစ်နေသောကြောင့် အကျယ်တ၀ံ့ ပါလာခဲ့ခြင်းမရှိကြောင်း ပြောကြားလိုက်သည်။
အဆိုပါ ပွဲစဉ်တွင် ချဲလ်ဆီးအသင်းက ပထမပိုင်း အီဒင်ဟာဇက်၏ တစ်လုံးတည်းသော ဦးဆောင်ဂိုးဖြင့် အနိုင်ရရှိကာ ရာသီမသိမ်းခင်
ဘာကလေပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးရန် ခြေတစ်လှမ်းနီးကပ်လာခဲ့ပြီဖြစ်သည်။
မော်ရင်ညိုက - "ဟန်ဆောင်လှဲချခဲ့တဲ့ ကစားသမားဟာ ချဲလ်ဆီးက မဟုတ်လို့ ကျွန်တော် အရမ်းပဲ ပျော်တယ်၊ ချဲလ်ဆီး ကစားသမား
တစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင် Sky က ပြစ်မှုကျူးလွန်မှု၊ လိမ်ညာမှုတွေနဲ့ ချန်ပီယံဆုကို သိမ်းပိုက်သွားတဲ့ မျှတမှု မရှိတဲ့ အသင်း" ဆိုပြီး
ချဲလ်ဆီးကို သမကြလိမ့်မယ်"
ဆက်လက်ပြီး မော်ရင်ညိုက - "မန်ယူကစားသမား ဖြစ်နေတော့ နောက်တစ်နေ့ကူးတာနဲ့ ဒီကိစ္စကို ဘယ်သူမှ မမှတ်မိကြတော့ဘူး" ဟု ထုတ်ဖော်
ပြောကြားသွားခဲ့သည်။ မော်ရင်ညိုသည် ပြီးခဲ့သော ဇန်န၀ါရီက လီဗာပူးလ်အသင်းနှင့် ရင်ဆိုင်ခဲ့သော ကပ်ပီတယ်ဝမ်းကပ် ဆီမီးပွဲစဉ်မှာ Sky က ဒီယေဂိုကော်စတာအား
ပြစ်မှုကျူးလွန်သူ၊ လိမ်ညာလှည့်စားသူဟု သမုတ်ကာ ခေါင်းကြီးပိုင်းတွင် ဖော်ပြခဲ့သောကြောင့် စိတ်ဆိုးဒေါသထွက်ခဲ့ရသော မော်ရင်ညိုက ယခုကဲ့သို့
Sky မီဒီယာအား တုန့်ပြန်လိုက်ခြင်းဖြစ်သည်။
#အောင်ဇော်လတ်(မိုးနဲ)
Football Cafe
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment