Pages

Subscribe:

Tuesday, April 21, 2015

ကမ္ဘာကျော် ကစားသမားဟောင်းတွေ ပါဝင်ဆင်နွှဲခဲ့တဲ့ ဆင်းရဲမှု တိုက်ဖျက်ရေး ရန်ပုံငွေ ဘောလုံးပွဲ



ကမ္ဘာကျော် ကစားသမားဟောင်းတွေ ပါဝင်ဆင်နွှဲခဲ့တဲ့ ဆင်းရဲမှု တိုက်ဖျက်ရေး ရန်ပုံငွေ ဘောလုံးပွဲ
Written by  အောင်ငြိမ်းသွေး

ပြင်သစ်၊ ဧပြီ ၂၁။      ။ ဇီဒန်းနဲ့ ရိုနယ်ဒိုတို့ ဦးဆောင်တဲ့ သူငယ်ချင်းများအသင်းနဲ့ စိန့်အက်တီနီအသင်းတို့ဟာ ပြင်သစ်နိုင်ငံ၊ Saint-Etienne မြို့မှာ ဆင်းရဲမှု တိုက်ဖျက်ရေး ရန်ပုံငွေဘောလုံး ပွဲတစ်ပွဲ ယှဉ်ပြိုင်ကစား ခဲ့ကြပါတယ်။

နှစ်စဉ် ကျင်းပခဲ့တဲ့ ဒီဘောလုံးပွဲဟာ အခုဆိုရင် ၁၂ နှစ် ပြည့်မြောက် သွားခဲ့ပါပြီ။ ဇီဒန်းနဲ့ ရိုနယ်ဒိုတို့ ဦးဆောင်တဲ့ သူငယ်ချင်းများ အသင်းမှာ အရင်က ကမ္ဘာကျော်ဘောလုံး သမားဟောင်း အများအပြား ပါဝင်ကစား ခဲ့ကြပါတယ်။

မန်ယူဂိုး သမားဟောင်း ဘားသက်ဇ်၊ ပြင်သစ်နဲ့ ဂျူဗင်တပ်စ်ရဲ့ တိုက်စစ် အကျော်အမော် ထရေဇီဂေး၊ အာဖရိက လင်းယုန်ကြီး အိုကိုချာ၊ နယ်သာလန် ဂန္ထ၀င် ဆီးဒေါ့ဖ်၊ လီဗာပူးလ်အကျော်အမော်ဟောင်း စမစ်ဆာ၊ ချက်ကွင်းလယ်တိုက်စစ်မှူး ပိုဘောစကီး နဲ့ပြင်သစ်ကွင်းလယ် တိုက်စစ်ကစား သမားဟောင်းကြီးဂေါ် ကပ်ဖ်တို့ ပါဝင်ခဲ့ကြ ပါတယ်။

အမေရိကန် မှာဘောလုံးကန် ဦးမယ်လို့ သတင်းတွေ ထွက်နေတဲ့ အသက် ၃၈ နှစ် အရွယ်ရှိ ရိုနယ်ဒိုဟာ ဒီပွဲမှာ သုံးဂိုးသွင်း ပြီးခြေစွမ်းပြကာ အစွမ်း အစတွေ ရှိသေးကြောင်း သက်သေပြ ခဲ့ပါတယ်။ ထရေဇီးဂေးကလည်း ဒီပွဲမှာ တစ်ဂိုးသွင်းခဲ့ပါတယ်။

ဂန္ထ၀င်ကစားသမားဟောင်းကြီးတွေ ခြေစွမ်းပြ ကစားခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ စိန့်အက်တီနီအသင်းက ၉-၇ ဂိုးနဲ့ အနိုင် ရရှိသွားခဲ့ပါတယ်။

Ref: Daily Mail

Mizzima

0 comments:

Post a Comment