Thursday, April 16, 2015
လွန်ခဲ့သည့် လေးနှစ်က ပေါင် ၃.၅ သန်းဖြင့် ပြောင်းရွှေ့လာသော ဘရာဇီးလူငယ် အလုပ် လုပ်ခွင့် ပါမစ် ရရှိခဲ့ပြီး အာဆင်နယ် အသင်းတွင် ပါဝင်ကစား နိုင်တော့မည်
လွန်ခဲ့သည့် လေးနှစ်က ပေါင် ၃.၅ သန်းဖြင့် ပြောင်းရွှေ့လာသော ဘရာဇီးလူငယ် အလုပ် လုပ်ခွင့် ပါမစ် ရရှိခဲ့ပြီး အာဆင်နယ် အသင်းတွင် ပါဝင်ကစား နိုင်တော့မည်
ဘရာဇီးလူငယ် ကစားသမား ဝယ်လ်လင်တန် ဆေးလ်ဗား သည် အင်္ဂလန်တွင် အလုပ်လုပ်ခွင့် ပါမစ်မရရှိခဲ့သဖြင့် ၂၀၁၁ တွင် ဖလာမီနီးစ် အသင်းသို့ ပြောင်းရွှေ့လာပြီးကတည်းက အာဆင်နယ် အသင်းတွင် ကစားခွင့် မရရှိခဲ့ပဲ လာလီဂါ အသင်းများသို့ သာ အငှားဖြင့်သွားရောက် ကစားနေခဲ့တာပါ။
ဒါပေမဲ့ နောက်ဆုံးမှာ ဆေးလ်ဗား ရဲ့အခြေအနေက ပြောင်းလဲခဲ့ပြီး စပိန်နိုင်ငံသား ခံယူခွင့် နှင့် စပိန် နိုင်ငံသား ပါတ်စ်ပို့ ရရှိခဲ့ပြီ လို့ သူ့ရဲ့ တွစ်တာ အကောင့် မှာဖေါ်ပြခဲ့ပါတယ်။ အဲဒီအတွက် သူဟာ နောက်ဆုံးမှာ အာဆင်ဝင်းဂါး အတွက် ရွေးချယ်ခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။
""" အကောင်းဆုံးအရာတွေက ဖြည်းဖြည်းချင်း ပဲ လာနေပါတယ်၊ ဒါပေမဲ့ အကောင်းဆုံး နဲ့ ကျေနပ် ပျော်ရွှင်စရာကမ္ဘာ ထဲမှာ ရောက်ရှိနေပါပြီ၊ စပိန်နိုင်ငံသာုးဖစ်ခဲ့ပါပြီ""" လို့ သူ့ရဲ့ တွစ်တာ အကောင့်မှာဖေါ်ပြခဲ့ပါတယ်။
နေရာစုံ မှ တိုက်စစ်ဆင် ကစားနိုင်သော ဆေးလ်ဗား သည် ဘယ်တောင်ပံတွင်လည်း အကောင်းဆုံးကစားနိုင်ပါတယ်။ ယခုအချိန်မှာတော့ ဆေးလ်ဗား ဟာ နောက်ရာသီမှာ အာဆင်နယ် ရဲ့ ပထမ အသင်းမှာ ပါဝင်ခွင့် ရရှိဖို့ မျှော်လင့် နိုင်ပြီ ဖြစ်ပါတယ်။
#KS
Football Cafe
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment