Sunday, April 5, 2015
လီဗာပူးလ်ကို ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယား ဒုတိယနေရာ တက်လှမ်းနိုင်ခဲ့သည့် အာဆင်နယ်
လီဗာပူးလ်ကို ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယား ဒုတိယနေရာ တက်လှမ်းနိုင်ခဲ့သည့် အာဆင်နယ်
အမ်းမရိတ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော အာဆင်နယ်နှင့် လီဗာပူးလ် ပွဲစဉ်တွင် အိမ်ရှင်အသင်းက ၄-၁ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။
အာဆင်နယ်တွင် အော့စ်ပင်နာ၊ ဘယ်လာရင်၊ မွန်ရီရယ်၊ မာတီဆက်ကာ၊ ကိုစီရယ်နီ၊ ရမ်ဆေး၊ ကာဇိုလာ၊ အိုဇေးလ်၊ ကိုကွယ်လင်၊ ဂီးရော့ဒ်၊ ဆန်းချက်ဇ်တို့ ပွဲထွက်ပါဝင်ခဲ့သည်။
လီဗာပူးလ်တွင် မစ်ဂ်နိုလတ်၊ တိုရေး၊ ဆာခို၊ မိုရီနို၊ စတာလင်၊ ကော်တင်ဟို၊ လူးကပ်စ်၊ အလန်၊ ဟန်ဒါဆန်၊ ကန်၊ မာကိုဗစ်တို့ ပါဝင်ကစားခဲ့သည်။
ပွဲအစ ၁၀ မိနစ်အတွင်းမှာပင် အာဆင်နယ်မှ ဆန်းချက်ဇ်နှင့် ဆန်တီ ကာဇိုလာတို့က အခွင့်အရေး နှစ်ကြိမ် ရရှိခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပေ။ သို့သော်လည်း ၃၇ မိနစ်တွင် အိမ်ရှင်အသင်းက အဖွင့်ဂိုး ရရှိခဲ့ပြီး အဆိုပါဂိုးကို ဘယ်လာရင်က မစ်ဂ်နိုလတ်၏ ညာဘက်ထောင့်သို့ ဘယ်ခြေဖြင့် ဝေ့ဝိုက်ကန်သွင်းခဲ့သည်။ အာဆင်နယ်အတွက် ဒုတိယဂိုးကို မိနစ် ၄၀ တွင် မီဆွတ်အိုဇေးလ်က အလွတ်တည်ကန်ဘောမှတစ်ဆင့် လှလှပပ ကန်သွင်းယူခဲ့သည်။ ၄၅ မိနစ်တွင် အာဆင်နယ်က တတိယဂိုး ရရှိခဲ့ပြီး ၎င်းဂိုးကို ဆန်းချက်ဇ်က ဂိုးဧရိယာထိပ်မှာ ညာခြေဖြင့် အပြင်းကန်သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် လီဗာပူးလ်အတွက် စတားရစ်ခ်ျ ဝင်ရောက်ကစားခဲ့ပြီး အသင်းအတွက် သိက္ခာဆည်ဂိုးကို ၇၆ မိနစ်တွင် စတာလင်ကြောင့် ရရှိသည့် ပင်နယ်တီအား ဟန်ဒါဆန်က သွင်းယူခဲ့သည်။ ၈၄ မိနစ်တွင် ဝဲလ်ဘက်ကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့သည့် လီဗာပူးလ် ကစားသမား အမ်မရီကန် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ ၉၀ မိနစ်တွင် ဝဲလ်ဘက်နှင့် မွန်ရီရယ်တို့၏ တွဲလုံးမှတစ်ဆင့် ကာဇိုလာ ကန်သွင်းသည့် ဘောလုံး တိုင်ထိထွက်ခဲ့သည်။ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၁ မိနစ်တွင် ဂီးရော့ဒ်က အာဆင်နယ်အတွက် စတုတ္ထဂိုးကို သွင်းယူခဲ့သေးသည်။ ပွဲအပြီးတွင် အာဆင်နယ်က လီဗာပူးလ်ကို ၄-၁ ဂိုးဖြင့် အနိုင်ယူပြီး အမှတ်ပေးဇယားထိပ် ဒုတိယနေရာသို့ တက်လှမ်းနိုင်ခဲ့သည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment