Pages

Sunday, April 5, 2015

ဟာရဲရားနှင့် ရွန်နီတို့၏ သွင်းဂိုးများဖြင့် အမှတ်ပေးဇယား တတိယနေရာသို့ တက်လှမ်းနိုင်ခဲ့သည့် မန်ချက်စတာယူနိုက်တက်



ဟာရဲရားနှင့် ရွန်နီတို့၏ သွင်းဂိုးများဖြင့် အမှတ်ပေးဇယား တတိယနေရာသို့ တက်လှမ်းနိုင်ခဲ့သည့် မန်ချက်စတာယူနိုက်တက်

ပရီးမီးယားလိဂ် ပွဲစဉ် (၃၁) မန်ချက်စတာယူနိုက်တက်နှင့် အက်စ်တွန်ဗီလာ ပွဲစဉ်တွင် အိမ်ရှင်အသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မန်ချက်စတာယူနိုက်တက်တွင် ဒီဂီယာ၊ ဘလင်း၊ ရိုဟို၊ ဂျုံးစ်၊ ဗလင်စီယာ၊ ကာရစ်၊ ဟာရဲရား၊ ယန်း၊ မာတာ၊ ဖယ်လိုင်နီ၊ ရွန်နီတို့ ပွဲထွက်ပါဝင်ခဲ့သည်။

အက်စ်တွန်ဗီလာတွင် ဂူဇန်၊ ကလက်ခ်၊ အိုကိုရီ၊ လိုတန်၊ ဟက်တန်၊ အန်ဇော့ဘီယာ၊ ဒပ်ဖ်၊ ဆန်းချက်ဇ်၊ ဘန်တီကီ၊ ဝီမန်၊ အဘွန်လဟော်တို့ ပါဝင်ကစားခဲ့သည်။

ယခုပွဲစဉ်တွင် မန်ချက်စတာယူနိုက်တက်သည် ပထမပိုင်းတွင် ပွဲကို စိုးမိုးထားနိုင်ခဲ့သော်လည်း ၄၃ မိနစ်မှသာ အဖွင့်ဂိုး ရရှိခဲ့သည်။ အိမ်ရှင်အသင်းအတွက် အဖွင့်ဂိုးကို ၄၃ မိနစ်တွင် ဟာရဲရားက ဘလင်း၏ ပေးပို့မှုမှတစ်ဆင့် ဘယ်ခြေဖြင့် ကန်သွင်းယူခဲ့သည်။ ယူနိုက်တက်အတွက် ဒုတိယဂိုးကို ၇၉ မိနစ်တွင် လူစားဝင် ကစားသမား ဒီမာရီယာ၏ ပေးပို့မှုမှတစ်ဆင့် ရွန်နီက တစ်ချက်ထိန်းကာ ညာခြေဖြင့် မြေမကျဘော ကန်သွင်းယူခဲ့သည်။ ချက်ချင်းဆိုသလိုပင် ၈၀ မိနစ်တွင် အက်စ်တွန်ဗီလာ တိုက်စစ်မှူး ဘန်တီကီက ထောင့်ကန်ဘောမှတစ်ဆင့် ချေပဂိုး ရယူခဲ့သည်။ သို့သော်လည်း မိနစ် ၉၀ တွင် ဟာရဲရားက မာတာထိုးပေးလိုက်သည့် ဘောလုံးကို တည်တည်ငြိမ်ငြိမ် ကန်သွင်းခဲ့သောကြောင့် ပွဲအပြီးတွင် ယူနိုက်တက်က ဗီလာကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယခုနိုင်ပွဲကြောင့် ယူနိုက်တက်က အမှတ်ပေးဇယား တတိယနေရာသို့ တက်လှမ်းနိုင်ခဲ့ပြီး အာဆင်နယ်ကို ရှုံးနိမ့်ခဲ့သည့် လီဗာပူးလ်ကို ၈ မှတ်ဖြတ်ထားနိုင်ခဲ့သည်။

Soccer Myanmar

No comments:

Post a Comment