Pages

Sunday, April 5, 2015

အိုဇေးလ်ကို အလေးပေး ဆက်ဆံခြင်းမျိုး မရှိကြောင်း ဝင်းဂါး ငြင်းဆို



အိုဇေးလ်ကို အလေးပေး ဆက်ဆံခြင်းမျိုး မရှိကြောင်း ဝင်းဂါး ငြင်းဆို

အာဆင်နယ်က နယူးကာဆယ်ကို အနိုင် ရရှိခဲ့သည့် ပွဲတွင် ဖျားနာခြင်းကြောင့် ပါဝင်နိုင်ခြင်း မရှိသော်လည်း ပွဲအပြီး နာရီပိုင်း အကြာတွင် ပါတီပွဲ တက်ရောက် ခဲ့သည့်တိုင် ပြစ်ဒဏ် ချမှတ်ခံရခြင်း မရှိသည့် အာဆင်နယ်ကြယ်ပွင့် မီဆွတ်အိုဇေးလ်ကို ဦးစားပေး ဆက်ဆံခြင်း မရှိကြောင်း အာစင်ဝင်းဂါးက ငြင်းဆိုခဲ့သည်။

ထိုဖြစ်ရပ်အတွက် ဝင်းဂါးက ရီးယဲမက်ဒရစ် ကွင်းလယ်ကစားသမားဟောင်းနှင့် ဆွေးနွေးခဲ့ပြီး ၎င်း၏ ဖြေရှင်းချက် အပေါ် ကျေနပ်မှု ရှိခဲ့ကြောင်း ဆိုခဲ့သည်။ ဆက်ဇနီနှင့် ဝီလ်ရှားသည် လူမြင်ကွင်းတွင် ဆေးလိပ်သောက်ခဲ့သည့် အတွက် ပြစ်ဒဏ်ချမှတ် ခံခဲ့ရသော်လည်း အိုဇေးလ်ကို အလေးပေး ဆက်ဆံခြင်း မရှိကြောင်း ဝင်းဂါးက ငြင်းဆိုခဲ့သည်။

“ကျွန်တော်က စည်းကမ်းနဲ့ ပတ်သက်ရင် ပျော့ပြောင်းတဲ့သူ မဟုတ်ပါဘူး။ စည်းကမ်း မလေးစားတဲ့သူတွေကို ကျွန်တော် ပြစ်ဒဏ် ချမှတ်ပါတယ်။ ဒါပေမဲ့ ဇာတိမြေမှာ သူငယ်ချင်း တစ်ယောက် အတွက် မွေးနေ့ဆုတောင်းတဲ့ သူကိုတော့ ကျွန်တော် မတားဆီးနိုင်ပါဘူး” ဟု ဝင်းဂါးက ပြောကြားခဲ့သည်။

Soccer Myanmar

No comments:

Post a Comment