Pages
▼
Monday, April 20, 2015
ရာသီကုန်တွင် ထွက်ခွာတော့မည့် နည်းပြ ဂျာဂင်ကလော့ပ် ၏နေရာ တွင်သောမတ်စ် တူချယ်နှင့် အစားထိုးမည်
ရာသီကုန်တွင် ထွက်ခွာတော့မည့် နည်းပြ ဂျာဂင်ကလော့ပ် ၏နေရာ တွင်သောမတ်စ် တူချယ်နှင့် အစားထိုးမည်
Written by ဝေဘုန်းလူ
ဒေါ့တ်မွန်၊ ဧပြီ ၂၀။ ။ ရာသီကုန် တွင်ဒေါ့တ်မွန် နည်းပြရာထူးကို စွန့်လွှတ်တော့မည့် ဂျာဂင်ကလော့ပ် ၏နေရာ တွင်သောမတ်စ် တူချယ်က ဇူလိုင် ၁ ရက်မှ စတင်ကာပြောင်းလဲ တာဝန် ယူမည်ဖြစ်သည်။
အသက် ၄၇နှစ်အရွယ်ရှိကလော့ပ်က ၎င်းသည်ဒေါ့တ်မွန်အသင်း ကိုဆက်လက် ကိုင်တွယ်ရန်သင့်တော်သူမဟုတ်ဟု ခံစားလာရသဖြင့် ရာသီကုန်တွင် အသင်း မှထွက်ခွာတော့မည်ဟု ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ကကြေညာခဲ့သည်။
သို့ဖြစ်ရာ မိန့်ဇ်နည်းပြဟောင်း တူချယ်သည် ဘွန်ဒက်စ်လီဂါချန်ပီယံဆု ရှစ်ကြိမ်ရ ဒေါ့တ်မွန်အသင်းနှင့် သုံးနှစ်စာချုပ် ချုပ်ဆိုလိုက်ခြင်းဖြစ် သည်။
အသက် ၄၁ နှစ်အရွယ်ရှိ တူချယ်သည် မိန့်ဇ်အသင်းကို ဘွန်ဒက်စ်လီဂါတွင် အမြင့်ဆုံးအဆင့်သို့ရောက်အောင် ပို့ဆောင်ပေးပြီးနောက် ပြီးခဲ့ သည့်နှစ်တွင် ရာ ထူးမှနုတ်ထွက် ခဲ့သူဖြစ်သည်။
၎င်းသည် ဂျာမန်ထိပ်တန်းနည်းပြများတွင် တစ်ဦးအပါအဝင်အဖြစ် ညွှန်းဆိုခြင်း ခံရသူဖြစ်ပြီး ဟမ်းဘတ်အသင်းက လက်ဘာဒီယာကို နည်းပြ အဖြစ် မခန့်အပ် မီဆက်သွယ် ခဲ့ဖူးသည်။
ဒေါ့တ်မွန်မှထွက်ခွာတော့မည့် ကလော့ပ်ကိုပရီးမီးယားလိဂ်ကလပ်များကစိတ်ဝင်စားခဲ့ကြဖူးပြီးမန်ယူအသင်းသည် ဗန်ဟားလ်ကိုမခန့်အပ်မီတွင်လည်းကောင်း ၊အာဆင်နယ်နှင့် မန်စီးတီးတို့က လည်းကောင်း ဆက်သွယ်မှုများပြုလုပ် ခဲ့ကြဖူးသည်။
Ref: BBC
Mizzima
No comments:
Post a Comment