Pages

Monday, April 20, 2015

အဲဗာတန် မသန်စွမ်းဘောလုံး အသင်းနဲ့အတူ ပါဝင်ကစားခဲ့တဲ့ တင်ဟောင်းဝပ်



အဲဗာတန် မသန်စွမ်းဘောလုံး အသင်းနဲ့အတူ ပါဝင်ကစားခဲ့တဲ့ တင်ဟောင်းဝပ်
Written by  အောင်ငြိမ်းသွေး

အင်္ဂလန်၊ ဧပြီ ၂၀။      ။အဲဗာတန်ဂိုးသမားတင်ဟောင်းဝပ်ဟာ ပြီးခဲ့တဲ့ အပတ်က အဲဗာတန်မသန်စွမ်းဘောလုံး အသင်းလေ့ကျင့်ရေးကွင်းကို သွားရောက်ခဲ့ပြီး အတူတကွ ပါဝင်ကစား ခဲ့ပါတယ်။

အဲဗာတန်မသန်စွမ်းဘောလုံးအသင်းဟာ အခုအချိန်မှာ WFA National League Championship Division မှာ တတိယနေရာကိုရောက် ရှိနေတဲ့ အသင်းဖြစ် ပါတယ်။ဟောင်းဝပ်ဟာ ကိုယ်တိုင်လျှပ်စစ်ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်ပြီး အဲဗာတန် အသင်းသားတွေ နဲ့အတူ ပွဲငယ်တစ်ပွဲကို ၀င်ရောက်ကစားခဲ့ပါတယ်။

'ကိုယ့်ကိုကိုယ်ကျေနပ် အားရမိပါတယ်။ လျှပ်စစ်ဘီးတပ်ကုလားထိုင်ပေါ်မှာထိုင်ပြီး ပထမဆုံးကစားဖူးတာပါ။ ဒီက ကစားသမားတွေက ကျွန်တော့်ကို ၀ိုင်းဝန်း ကူညီကြ ပါတယ်။ဘောလုံးကို လိမ်ဖို့ပေးဖို့နဲ့ ဂိုးသွင်းနိုင်ဖို့ကို ကူညီကြပါတယ်။ ကျွန်တော့်အနေနဲ့ ဖြည်းဖြည်းချင်းပဲ လုပ်နိုင်ပေမယ့် ကျွန်တော့ စကေးကတော့ တကယ်ကို ပြီးပြည့် စုံအောင်ကောင်း မွန်ပါတယ်။ ဒီအသင်းမှာ အရည် အချင်းရှိတဲ့ ကစား သမားတွေ အများ ကြီးပါပဲ။ တကယ် ကိုကောင်းမွန်တဲ့ အချိန်ပါပဲ' လို့ဟောင်းဝပ်က ပွဲအပြီး မှာပြောပါတယ်။

အဲဗာတန် မသန်စွမ်းအသင်း မန်နေဂျာ စတိဗ်ဂျွန်ဆင် ကလည်း 'ဟောင်းဝပ်ဟာ ပထမဆုံး အကြိမ်ဖြစ်ပေမယ့် အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ သူဒီလိုလာ ကစားတာ အသင်းအတွက်လည်း အလွန်ကောင်း ပါတယ်။ ဒီက ကစားသမား အများစု ဟာဟောင်းဝပ် ကိုလေးစားအား ကျသူတွေပါ' လို့ပြောခဲ့ ပါတယ်။

Ref: Daily Mail
Mizzima

No comments:

Post a Comment