Pages
▼
Monday, April 20, 2015
နည်းပြခုံတန်းတွင် ပရိသတ်နှင့် လိင်ဆက်ဆံသည့် ဘောလုံးသမား အသင်းမှထုတ်ခံရ
နည်းပြခုံတန်းတွင် ပရိသတ်နှင့် လိင်ဆက်ဆံသည့် ဘောလုံးသမား အသင်းမှထုတ်ခံရ
Written by ဝေဘုန်းလူ
ကလစ်သာရို၊ ဧပြီ ၂၀။ ။ နည်းပြခုံတန်းတွင် အမျိုးသမီး ပရိသတ်နှင့် လိင်ဆက်ဆံနေသည့် ဗီဒီယို ထွက်ပေါ် လာပြီးနောက် အပျော်တမ်း လိဂ်ကစား သမား တစ်ဦးမှာ အသင်းမှ ထုတ်ပယ်ခံ ခဲ့ရသည်။
အင်္ဂလန်အပျော်တမ်းကလပ် ကလစ်သာရိုအသင်း တိုက်စစ်မှူးဂျေးဟတ်သည် ၎င်း၏အသင်းရှုံး နိမ့်သည့်ပွဲအပြီး ယင်းသို့ကျူး လွန်ခဲ့ခြင်းဖြစ်ပြီး ဖုန်းဖြင့် ဗီဒီယို ရိုက်ကူးခံခဲ့ရသည်။ယင်းဗီဒီယိုထဲတွင် တိုက်စစ်မှူးဂျေးဟတ်၏ရယ်သံကိုကြားရနိုင်ပြီး ကလပ်အသင်းအင်္ကျီကိုဝတ်ဆင်ထားဆဲဖြစ်ကာ အားကစားထပ် အင်္ကျီ မှာမူခြေထောက်နားတွင် ပုံလျှက်သား ရှိနေသည်ဟု မယ်ရာ သတင်းစာ ကရေးသား ထားသည်။
ကလစ်သာရို အသင်း ၄-၁ ဂိုးဖြင့်ရှုံး နိမ့်ခဲ့သည့် ပွဲအပြီးတွင် ကလေးနှစ်ယောက်ဖခင်၊ အသက် ၂၄နှစ် အရွယ် ဟတ်မှာ အမျိုးသမီး ပရိသတ်နှင့် ချစ်တင်းနှော ခဲ့ခြင်းဖြစ်သည်။
အမျိုးသမီး၏မျက်နှာ ကိုတွေ့မြင်ရခြင်းမရှိသည့် ဗီဒီယိုဖိုင်မှာ အသင်းဖော်များနှင့်ပရိသတ်များအကြားပျံ့နှံ့သွားပြီး နာရီပိုင်းအကြာတွင်ဂျေးဟတ် သည်အသင်း မှထုတ်ပယ်ခံ ရခြင်းဖြစ်သည်။
ကလပ်ကိုကိုယ်စားပြုပြီးကစားနေသည့် မည်သည့်ကစားသမားကိုမှ စည်းကမ်းမဲ့အပြုအမူများကို ခွင့်ပြုသွားမည်မဟုတ်ဟု ကလစ်သာရို အသင်း အမျိုးသမီး ဥက္ကဋ္ဌ အန်းဘာကာ ကပြောကြားခဲ့သည်။
ကျူးလွန်ခဲ့ မိသည့် အဖြစ်အပျက် အပေါ်ဂျေးဟတ်က "ကျွန်တော် အရမ်းနောင်တ ရမိပါတယ်။ အရက်လည်းနှစ် ခွက်လောက် သောက်ထားမိ တယ်။ လူတွေ နဲ့ဝေးတဲ့နေရာ ဆိုတော့ ဘယ်သူမှ မမြင်လောက် ဘူးလို့လည်း ထင်ခဲ့မိပါတယ်" ဟုပြောကြား ခဲ့သည်။
Ref: Mirror
Mizzima
No comments:
Post a Comment