Pages

Monday, April 20, 2015

ချစ်ပီယံရှစ် တစ်နှစ်တာ အကောင်းဆုံးဆုကို ချယ်လ်ဆီးလူငယ် ကစားသမား ဘမ်ဖို့ဒ်ရရှိ



ချစ်ပီယံရှစ် တစ်နှစ်တာ အကောင်းဆုံးဆုကို ချယ်လ်ဆီးလူငယ် ကစားသမား ဘမ်ဖို့ဒ်ရရှိ
Written by  အောင်ငြိမ်းသွေး

အင်္ဂလန်၊ ဧပြီ ၂၀ ။        ။ ချယ်လ်ဆီး အသင်းမှ  မစ်ဒယ်ဘရော့ အသင်းသို့ အငှားသွားရောက် ကစားနေသည့် လူငယ် ကစားသမား ပက်ထရစ် ဘမ်ဖို့ဒ်သည် အင်္ဂလန် ချန်ပီယံ ရှစ်ပြိုင်ပွဲ၏ တစ်နှစ်တာ အကောင်းဆုံးဘောလုံး သမားဆုကို ရရှိခဲ့သည်။

အသက် ၂၁ နှစ် အရွယ်ရှိ ဘမ်ဖို့ဒ်သည် ချယ်လ်ဆီးသို့ ၂၀၁၂ ခုနှစ် ကရောက် ရှိခဲ့ပြီး ယခုအချိန်ထိ ပွဲထွက် ကစားခွင့် မရရှိသေးဘဲ အငှားသာ သွားရောက်က စားရလျက် ရှိသည်။ ယခုနှစ်တွင်လည်းမော်ရင်ဟို၏ လက်ထောက်နည်းပြဟောင်း ခရန်ကာကိုင်တွယ်နေသည့် မစ်ဒယ်ဘရော့ အသင်းသို့ အငှား သွားရောက် ကစားခဲ့ရသည်။ ဘမ်ဖို့ဒ်သည် ဘိုရိုအသင်းအတွက် လိဂ်ပွဲ ၃၆ ပွဲ ပါဝင်ကစားခဲ့ရာတွင် ၁၇ ဂိုးသွင်းယူနိုင်ခဲ့သည်။ မစ်ဒယ်ဘရော့အသင်းမှာ လက်ရှိအချိန်တွင် အဆင့် ၃နေရာတွင် ရပ်တည်နေပြီး ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိရန် အခွင့်အရေးကောင်း များရှိနေသည်။

ကွင်းလယ်တိုက်စစ်ကစားသမား ဘမ်ဖို့ဒ်သည် အစ်ဝှစ်ခ်ျအသင်းမှ ဒါရီမာဖီနှင့် ၀က်ဖို့ဒ်အသင်းမှ ထရိုင်ဒီနေးတို့ ကိုကျော်ဖြတ်ကာ အကောင်း ဆုံးဘောလုံး သမား ဆုကို ရရှိခြင်းဖြစ်သည်။

'ပထမဆုံးအနေနဲ့ အသင်းရဲ့လက်ကျန်ပွဲစဉ်တွေကို အာရုံစူးစိုက်သွားလိုပါတယ်။ မစ်ဒယ်ဘရော့အသင်းအနေနဲ့ ပရီးမီးယားလိဂ်ကို တန်းတက်နိုင် မယ်လို့မျှော် လင့်ပါတယ်။ ပြီးရင် အင်္ဂလန် ယူ-၂၁ အသင်းနဲ့ အတူ ယူရိုပြိုင်ပွဲဝင်ဖို့ အာရုံစိုက် သွားမှာပါ။ အဲ့ဒီကပြန် လာရင် ချယ်လ်ဆီး အသင်းမှာ ကျွန်တော်ပြန်နေ ခွင့်ရ မယ်လို့ ထင်ပါတယ်။ ဘိုရိုအသင်းနဲ့ အသင်းဖော်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ အကူအညီတွေမပါဝင်ဘဲ ဒီနေရာမှာ ရပ်နေနိုင်မှာ မဟုတ်ပါ ဘူး။ ကျွန်တော့်ရဲ့ မိသားစုကို လည်းကျေးဇူး တင်ပါတယ်' ဟု ဘမ်ဖို့ဒ် ကပြောသည်။

တစ်နှစ်တာလူငယ်အကောင်းဆုံးဘောလုံးသမားဆုကို စပါးမှ ၀က်ဖို့ဒ်သို့ အငှားသွားရောက်ကစားနေသည့် ဒယ်လီအယ်လီက ရရှိခဲ့သည်။

Ref: Daily Mail

Mizzima

No comments:

Post a Comment