Pages
▼
Monday, April 20, 2015
မန်စီးတီး ကွင်းလယ်လူဆေးလ်ဗား ၏ပါးရိုးဒဏ်ရာ ထင်သလောက် မပြင်းထန်
မန်စီးတီး ကွင်းလယ်လူဆေးလ်ဗား ၏ပါးရိုးဒဏ်ရာ ထင်သလောက် မပြင်းထန်
Written by ဝေဘုန်းလူ
မန်ချက်စတာ၊ ဧပြီ ၂၀။ ။ ဝက်စ်ဟမ်းနှင့်ပွဲတွင် ပါးရိုးဒဏ်ရာ ရရှိခဲ့သည့် ကွင်းလယ် ကစားသမားဒေးဗစ်ဆေးလ်ဗားသည် ထင်သလောက် ဒဏ်ရာမပြင်းသောကြောင့် မန်စီးတီး နည်းပြ ပယ် လီဂရီနီ အတွက် စိတ်သက်သာ စရာဖြစ်ခဲ့သည်။
ဆေးလ်ဗားသည် ဝက်စ်ဟမ်း ကစားသမား ကူရာတီ၏ တံတောင်ဖြင့် ထိခိုက်မိသောကြောင့် ဒဏ်ရာ ရခဲ့ပြီး ဓါတ်မှန် ရိုက်စစ်ဆေး ရန်ဆေးရုံသို့ တင်ပို့ခံခဲ့ရသည်။
ကွင်းအတွင်း မှအောက်ဆီဂျင်ပေးပြီး သယ်ထုတ်သွား ခံရခြင်းမရှိမီ ရှစ်မိနစ်ခန့် ကုသမှုခံခဲ့ရသော်လည်း နာရီများစွာ ကြာပြီးနောက်ဆေးလ်ဗားက "စမ်းသပ်မှုတွေ အားလုံးကောင်း ပါတယ်။ ကျွန်တော် အိမ်ပြန်ရောက်နေပါပြီ"ဟု တွစ်တာတွင် တွိဒ်ခဲ့သည်။
အသင်းခေါင်းဆောင် ကွန်ပနီ ရာသီကုန် အထိ အနားယူရဖွယ် ရှိနေချိန်တွင် အဓိက ကစားသမား တစ်ဦးဖြစ် သည့်ဆေးလ်ဗားလည်း ဒဏ်ရာရ သွားသဖြင့် အခက်ကြုံခဲ့ ရသော်လည်းဆေး လ်ဗား၏ ဒဏ်ရာမှာ ကာလရှည်အနားယူရဖွယ်မရှိသဖြင့် မန်စီးတီး နည်းပြ ပယ်လီဂရီနီမှာ စိတ်သက်သာ ရာရခဲ့သည်။
မန်စီးတီးသည် ဝက်စ်ဟမ်းကို ၂-၀ဂိုးဖြင့် အနိုင်ရလိုက်သောကြောင့် အမှတ်ပေးဇယား တတိယနေရာမှ မန်ယူနှင့် တစ်မှတ်၊ ဒုတိယနေရာမှ အာဆင်နယ်နှင့်နှစ် မှတ်သာကွာပြီး စတုတ္ထနေ ရာတွင် ရှိနေသည်။
Ref:express
Mizzima
No comments:
Post a Comment