Pages

Monday, May 4, 2015

လက်ရှိ အောင်မြင်မှုသည် မိမိအတွက် အရေးအပါဆုံး ဖြစ်ကြောင်း မော်ရင်ဟို ပြောကြား



လက်ရှိ အောင်မြင်မှုသည် မိမိအတွက် အရေးအပါဆုံး ဖြစ်ကြောင်း မော်ရင်ဟို ပြောကြား

တနင်္ဂနွေနေ့က ပရီးမီးယားလိဂ် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ယခုဆုဖလားသည် မိမိ၏ နည်းပြဘဝတွင် အရေးပါဆုံး ဆုဖလားဖြစ်ကြောင်း ဟိုဆေးမော်ရင်ဟိုက ပြောကြားလိုက်သည်။

ချယ်ဆီးသည် ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ် ဆုဖလားကို စတမ်းဖို့ဒ်ဘရစ်သို့ ၅ နှစ်အတွင်း ပထမဦးဆုံး အကြိမ်အဖြစ် သယ်ဆောင်နိုင်ခဲ့သည်။

နည်းပြဘဝတွင် ပရီးမီးယားလိဂ်၊ စီးရီးအေ၊ လာလီဂါနှင့် ပရီမီယာလီဂါတို့တွင် လိဂ်ဖလား ၈ ကြိမ် ရရှိခဲ့သည့် မော်ရင်ဟိုက လက်ရှိအောင်မြင်မှုသည် မိမိအတွက် အရေးအပါအဆုံး ဖြစ်ကြောင်း ဆိုခဲ့သည်။

“ဆုဖလားတိုင်းဟာ အပြင်းအထန် ကြိုးစားခြင်းကြောင့် ရရှိခဲ့တာပါ။ ဘယ်အရာက အရေးအပါဆုံးလဲ ဆိုတာကို ကျွန်တော် မပြောတတ်ပါဘူး။ ဒီဆုဖလားက ကျွန်တော် နောက်ဆုံးရထားတဲ့ ဆုဖလားပါ။ ဒါကြောင့် ဒါက အရေးအပါဆုံး ဖြစ်ပါတယ်။ နောက်ထပ် ဆုဖလားတွေ ရရှိဖို့အတွက်လည်း ကြိုးစားသွားပါမယ်။ ကျွန်တော်တို့ အသင်းက ကပ်ပီတယ်ဝမ်း ဖလားကို ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာလည်း ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ကျွန်တော့်အတွက်ကတော့ ဒါဟာ ထူးကဲတဲ့ ခံစားမှုပါ။ ရာသီစကတည်းက လိဂ်အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နိုင်ခဲ့တာရယ်၊ တစ်ရာသီလုံးမှာ နှစ်ပွဲပဲ ရှုံးတာရယ်၊ အိမ်ကွင်း ရှုံးပွဲ မရှိတာရယ်၊ အဝေးကွင်းရလဒ်ကောင်းတာရယ်၊ ပေးဂိုးအနည်းဆုံး ဖြစ်တာရယ်၊ သွင်းဂိုး ဒုတိယအများဆုံး အသင်းဖြစ်တာရယ် ဒါတွေက ကျွန်တော်တို့အသင်းအတွက် တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ အခိုက်အတန့်ပါ” ဟု မော်ရင်ဟိုက ပြောကြားသွားခဲ့သည်။

Soccer Myanmar

No comments:

Post a Comment