Pages

Monday, May 4, 2015

ဂီးရော့ဒ်အပေါ် အွန်နရီ၏ ဝေဖန်မှုကို ဝင်းဂါး ပြန်လည်တုံ့ပြန်



ဂီးရော့ဒ်အပေါ် အွန်နရီ၏ ဝေဖန်မှုကို ဝင်းဂါး ပြန်လည်တုံ့ပြန်

အိုလီဗီယာ ဂီးရော့ဒ်အပေါ် သီယာရီ အွန်နရီက ဝေဖန်ပြောကြားခဲ့ပြီးနောက် အဆိုပါ အာဆင်နယ် တိုက်စစ်မှူးဟောင်းကို အာစင်ဝင်းဂါးက ပြန်လည်တုံ့ပြန် ပြောကြားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

Sky Sports တွင် ဘောလုံးပညာရှင်တစ်ဦး အနေဖြင့် တာဝန်ယူထားသည့် အွန်နရီက အာဆင်နယ်အနေဖြင့် ပရီးမီးယားလိဂ် ဆုဖလားကို ပြန်လည်ရယူလိုပါက ကစားသမားသစ် ၄ ဦးအထိ ခေါ်ယူရန် လိုအပ်ကြောင်း သုံးသပ် ပြောကြားခဲ့သည်။

ထို့အပြင် အွန်နရီက “ဂီးရော့ဒ်က အကောင်းဆုံး စွမ်းဆောင်နေတယ်ဆိုပေမယ့် သူနဲ့အတူ ပရီးမီးယားလိဂ် ဆုဖလား ရယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူက တာဝန်တစ်ခုကို ထမ်းဆောင်နေတာပါ။ သူ အကောင်းဆုံး ကစားနိုင်တယ်ဆိုပေမယ့် လိဂ်ဖလားကိုတော့ ရယူနိုင်မှာ မဟုတ်ပါဘူး” ဟု ဆိုခဲ့သည်။

ထို့နောက် ဝင်းဂါးက အွန်နရီ၏ ဝေဖန်ပြောကြားမှုများကို တုံ့ပြန်ခဲ့ပြီး အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးနှင့် အာဆင်နယ်၏ ဂိုးသွင်းအများဆုံး ကစားသမားတို့အကြား နှိုင်းယှဉ်မှုများ ပြုလုပ်ခဲ့သည်။

“သူပြောတာ မှားတယ်လို့ ထင်ပါတယ်။ မီဒီယာတွေက အဲ့ဒီအတွက် သူ့ကို ပိုက်ဆံပေးထားတာပါ။ မီဒီယာတွေရဲ့ စနစ်အားလုံးကို ကျွန်တော်တို့ သိပါတယ်။ အဲ့ဒီစနစ်တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကိုလဲ သိပါတယ်။ သူတို့က အငြင်းပွားဖွယ်ရာတွေဖြစ်အောင် ပိုက်ဆံပေးထားတာပါ။ သူပြောတဲ့ အကြံဉာဏ်ကို လက်ခံပေမယ့် ဂီးရော့ဒ်အပေါ် ဝေဖန်မှုကတော့ နည်းနည်းမှားနေတယ်လို့ ထင်ပါတယ်။ ဒီလို ဝေဖန်မှုမျိုးကို နီကိုလက်စ် အနယ်ကာနဲ့ ပတ်သက်ပြီး ကြားခဲ့ဖူးပါတယ်။ သူ (သီယာရီအွန်နရီ) နဲ့တုန်းကလည်း ကြားဖူးပါတယ်။ ရော်ဘင်ဗန်ပါစီနဲ့တုန်းကလည်း ဒီလိုပါပဲ။ သူတို့အားလုံးက ကမ္ဘာ့အဆင့် ကစားသမားတွေ ဖြစ်လာခဲ့ပါတယ်” ဟု ဝင်းဂါးက ပြောကြားခဲ့သည်။

Soccer Myanmar

No comments:

Post a Comment