Pages
▼
Saturday, May 2, 2015
ပြည်တွင်း ကလပ်အသင်းများနှင့် မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းရန် စီစဉ်ထား
ပြည်တွင်း ကလပ်အသင်းများနှင့် မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းရန် စီစဉ်ထား
Written by ရွှေဘုတ်
မေ ၂၊ ရန်ကုန်။ ။ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် အသင်းသည် တရုတ်နိုင်ငံသို့ ခြေစမ်း ခရီးစဉ် မထွက်ခွာမီ ပြည်တွင်းကလပ်အသင်းများနှင့် ခြေစမ်းရန် စီစဉ်ထားသည် ဟု အသင်း မီဒီယာတာဝန်ခံ ကိုထွန်းထွန်းအောင် ကပြောသည်။
အဆိုပါ ခြေစမ်းပွဲများမှာ မေလ ၂ ရက်တွင် ဟံသာဝတီယူနိုက်တက်အသင်း၊ မေလ ၉ ရက်တွင် ဇေယျာရွှေမြေအသင်းတို့နှင့် သုဝဏ္ဏကွင်းတွင် ခြေစမ်း ကစား ရန်စီစဉ်ထားသည်။
ခြေစမ်းပွဲများနှင့် ပတ်သက်၍ “ အသင်းက တရုတ်မသွားခင်မှာ ပြည်တွင်းကလပ်တွေနဲ့ ခြေစမ်းဖို့ ရှိပါတယ်။ ဒီက လေ့ကျင့်ခန်း မနားပဲ အားတဲ့အသင်းတွေနဲ့ စီစဉ်ထားတာပါ။ လောလော ဆယ်တော့ မေလ ၂ ရက်မှာဟံသာဝတီ၊ မေလ ၉ ရက်မှာ ဇေယျာရွှေမြေ တို့နဲ့ ခြေစမ်းမှာပါ။ နောက်တစ်သင်းကတော့ ဘယ် အသင်းဖြစ်မယ် မသိသေးဘူး။
သုံးပွဲလောက်ကစားဖို့စီစဉ်ထားပါတယ်။ ပြီးရင်တော့ ၁၅ ရက်နေ့တရုတ်သွားမှာပါ။ ဟိုကနေပဲထိုင်းကို တန်းသွားဖို့စီစဉ်ထားပါတယ် ” ဟု ကိုထွန်းထွန်းအောင် ကပြောသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် နိုင်ငံတကာခြေစမ်းပွဲအဖြစ် လာမည့် မေလ ၁၅ ရက်တွင် တရုတ်နိုင်ငံသို့ သွားရောက်ကာ ပူးပေါင်းလေ့ကျင့်မှုများ ခြေစမ်းပွဲ များ ယှဉ်ပြိုင်ကစားရန်လည်း စီစဉ်ထားသည်။ မြန်မာအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အာရှဇုန် ဒုတိယအဆင့်မှ စတင်ယှဉ်ပြိုင်ကစား ရမည် ဖြစ် ပြီးအုပ်စုအဆင့်တွင် ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ လာအို စသည့်အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်ကာ အိမ်ကွင်း၊ အဝေးကွင်း စနစ်ဖြင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
Mizzima
No comments:
Post a Comment