Pages

Saturday, May 2, 2015

၂၀၁၉တွင် ပရိသတ် ရှစ်သောင်းဆန့်ဘောလုံးကွင်း မြန်မာနိုင်ငံတွင်တည်ဆောက်ရန် လျာထား



၂၀၁၉တွင် ပရိသတ် ရှစ်သောင်းဆန့်ဘောလုံးကွင်း မြန်မာနိုင်ငံတွင်တည်ဆောက်ရန် လျာထား
Written by  ရွှေဘုတ်

မေ ၂၊ ရန်ကုန်။      ။ ဂျပန်နိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံတွင် လာမည့် ၂၀၁၉ ၌ ပရိသတ် ရှစ်သောင်းခန့်ဆန့်သည့် နိုင်ငံတကာ အဆင့်မီဘောလုံး ကွင်းသစ်ကြီး တည်ဆောက်ရန် လျာထားသည် ဟု မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အတွင်းရေးမှူး ဦးဌေးအောင် က ပြောသည်။
ဂျပန်နိုင်ငံ အစိုးရသည် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေးရင်းနှီးမှု အဖြစ် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းကို ဂျပန်ငွေ ယန်း ငါးသောင်းကျော် အကုန် အကျခံကာ တည်ဆောက်ပေးခဲ့ဖူးသည်။

ကွင်းသစ်ဆောက်မည့် အစီအစဉ်နှင့် ပတ်သက်၍ “ဂျပန်က လွှတ်တော်ကိုယ်စား အန်ဒိုက ကျွန်တော်တို့ ၀န်ကြီးနဲ့တွေ့တုန်းက ဒီကွင်းသစ်ဆောက်မယ့် အစီအစဉ်ကို ပြောသွားတာပါ။

အရင်လည်း ဂျပန်နိုင်ငံက ကျွန်တော်တို့ကို နှစ်နိုင်ငံချစ်ကြည်ရေးအတွက် သုဝဏ္ဏကွင်းကို ဆောက်ပေးခဲ့ဖူးပါတယ်။ အခုလည်း သူတို့ဘက်က မြန်မာနိုင်ငံမှာ အားကစားနဲ့ဆိုင်တဲ့ လိုအပ်တဲ့ အထောက်အကူပစ္စည်း၊ နည်းပညာတွေ ထောက်ပံ့ပေးမယ့်အပြင် အကြီးမားဆုံးထောက်ပံ့မှုအဖြစ် ၂၀၁၉ မှာ ပရိသတ် ၈ သောင်းခန့်ဆန့်တဲ့ ဘောလုံးကွင်းသစ်ကြီး တည်ဆောက်ပေးမယ် ပြောသွားတာပါ။ ဘယ်နေရာဆိုတာ ဘတ်ဂျက်ဘယ်လောက်ဆိုတာတော့ မသတ်မှတ် ရသေးပါဘူး။” ဟု ဦးဌေးအောင် က ပြောသည်။

အာဆီယံဒေသတွင်းတွင်  မလေးရှားနိုင်ငံမှ ဘူကစ်ဂျာလီကွင်းမှာ ပရိသတ် တစ်သိန်းတစ်သောင်းခန့် ဆန့်ပြီး အကြီးဆုံးကွင်းအဖြစ် ရပ်တည်နေကာ၊ အင်ဒိုနီး ရှားနိုင်ငံမှ ဘန်ကာနိုကွင်းမှာ ပရိသတ် ရှစ်သောင်းရှစ်ထောင်ကျော် ဆန့်၍ ဒုတိယအကြီးဆုံးကွင်း အဖြစ် ရပ်တည်လျက်ရှိသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် ပရိသတ် ရှစ်သောင်းခန့်ဆန့်သည့် ကွင်းသစ်ကြီးတည်ဆောက်ဖြစ်ပါက အာဆီယံနိုင်ငံများတွင် တတိယအကြီးဆုံးကွင်းအဖြစ် ရပ်တည်နိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ နိုင်ငံတကာအဆင့်မီ ဘောလုံးကွင်းလေးကွင်းရှိပြီး သုဝဏ္ဏကွင်းက ပရိသတ် နှစ်သောင်းငါးထောင်၊ ဆီးဂိမ်းကွင်းများဖြစ်သည့် ၀ဏ္ဏသိဒ္ဓိကွင်း ၊ဇေယျာသီရိကွင်း၊ မန္တလာသီရိကွင်းများမှာ ပရိသတ် သုံးသောင်းဝင်ဆန့်သည်။

Mizzima

No comments:

Post a Comment