Pages

Saturday, May 2, 2015

လာလီဂါဖလား အတွက် ဆီဗီလာ နှင့် ပွဲတွင် ဘေးလ် ပြန်လည်ပါဝင်လာမည်



လာလီဂါဖလား အတွက် ဆီဗီလာ နှင့် ပွဲတွင် ဘေးလ် ပြန်လည်ပါဝင်လာမည်

လာလီဂါဖလား ပြိုင်ပွဲ အတွက် ရီးရဲမက်ဒရစ် တောင်ပံကစားသမား ဂါရတ်ဘေးလ် သည် ဆီဗီလာ နှင့် ပွဲ တွင် ပြန်လည်ပါဝင်နိုင် ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါတယ်။

၂၅ နှစ်သား ဝေးလ် တောင်ပံလူ သည် ခြေသလုံး ကြွက်သား ဒဏ်ရာကြောင့် ရီးရဲမက်ဒရစ် အသင်းရဲ့ နောက်ဆုံး ကစားခဲ့သည့် ပွဲ သုံး ပွဲ လွဲချော်ခဲ့ပြီးဖြစ်ပါတယ်။

၂၀၁၂ ကတည်း က အမှတ်ပေးဖလားရရှိရန် ကြိုးစားနေသော ရီးရဲမက်ဒရစ် သည် လာလီဂါ ၄ ပွဲ သာ ကစား ရန် ကျန် ရှိနေသော အချိန်တွင် ဦးဆောင် သူ ဘာကာ အသင်း နောက် ၂ မှတ် အကွာဖြင့် ဒုတိယနေရာက နေလိုက်နေပါတယ်။

"""ဘေးလ် ဟာ အသင်းနဲ့ လေ့ကျင့်ခန်း ဆင်းနေပါပြီ၊ သူ့ မှာ အကောင်းဆုံး ပုံစံရှိနေပါပြီ၊ သူ ဆီဗီလာ နဲ့ ပွဲမှာ ပါဝင်ကစားနိုင်ပါလိမ့်မယ်""" လို့ ရီးရဲနည်းပြ အန်ဆလော့တီ က ပြောကြားခဲ့ပါတယ်။

"""ဂါရတ်ဘေးလ် ဟာ တခြားကစားသမားတွေထက် လန်းဆန်း နေပါတယ်၊ ဘာပြုလို့လဲဆို သူဟာ ကောင်းကောင်း အနားယူခဲ့ရပြီး ဒီရာသီ အရေးကြီး တဲ့ အခြေအနေမှာ သူ ကျွန်တော်တို့ကို ကူညီ ပါလိမ့်မယ်""" လို့ အန်ဆလော့တီ က ဆက်လက် ပြောကြားခဲ့ပါတယ်။

ဘာကာ နဲ့ ရီးရဲ ရဲ့ လာလီဂါ လက်ကျန်ပွဲများမှာ—

ဘာကာ

မေ ၉ ကော်ဒိုဘာ (ဝေး)

မေ ၉ ရီးရဲဆိုစီဒတ် (အိမ်)

မေ ၁၆/၁၇ တီကိုမက်ဒရစ် (ဝေး)

မေ ၂၃/၂၄ ဒီပို့တီဗို (အိမ်)

ရီးရဲ

မေ ၉ ဆီဗီလာ (ဝေး)

မေ ၉ ဗလန်စီယာ (အိမ်)

မေ ၁၆/၁၇ အက်စပန်ညို (ဝေး)

မေ ၂၃/၂၄ ဂီတာဖေး (ဝေး)

တို့ဖြစ်ပါတယ်။

#KS

Football Cafe

No comments:

Post a Comment