Pages

Monday, May 4, 2015

ဒီဂီယာ ကို အလိုက်ပေး၍ ဘေးလ် ကို ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေသည့် မန်ယူ



ဒီဂီယာ ကို အလိုက်ပေး၍ ဘေးလ် ကို ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေသည့် မန်ယူ

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ရီးရဲမက်ဒရစ် တောင်ပံကစားသမား ဂါရတ်ဘေးလ် ကို ခေါ်ယူနိုင်ရန်အတွက် ငွေသားအပြင် ဒီဂီယာ ကို အလိုက်ပေး၍ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

သတင်းများရဲ့ အဆိုအရ မန်ယူ အသင်း သည် ဘေးလ် ကို ပေါင် ၄၅ သန်း အပြင် ဒီဂီယာ ကို အလိုက်ပေး၍ ခေါ်ယူသွားမည် ဖြစ်ပါတယ်။ ယခု လို ဘေးလ် အတွက် ကမ်းလှမ်း မှု ကို သာ လက်မခံပါ က ဂိုးသမား ကို ရီးရဲသို့ ရောင်းချသွားမည် မဟုတ်ဘူး လို့ မန်ယူ အသင်း က ရှင်းလင်းစွာ ဖေါ်ပြခဲ့ကြောင်းသိရပါတယ်။

၂၅ နှစ်သား ဘေးလ် သည် ဘာနေဗျူး သို့ ကမ္ဘာ့ ပြောင်းရွှေ့ကြေး စံချိန် ပေါင် ၈၆ သန်းဖြင့် ၂၀၁၃ ခုနှစ် က ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ယခုရာသီ မှာ ဘေးလ် ရဲ့ စွမ်းဆောင် မှု ကို စိတ်တိုင်း မကျကြသည့် ရီးရဲပရိတ်သတ်များကြောင့် တောင်ပံလူ သည် အခြေမကျဖြစ်နေပြီး အသင်းမှ ထွက်ခွာဖွယ် ရှိနေပါတယ်။

မန်ယူ အသင်း သည် ဘေးလ် ကို ခေါ်ယူရန် အတွက် သူတို့ရဲ့ ဂိုးသမား ကို အလိုက်ပေး၊ ကမ်းလှမ်း လိုနေပြီး ဘေးလ် ကို ခေါ်ယူနိုင်ရန် အတွက် တစ်ပတ် ပေါင် ၃၀၀,၀၀၀ ထိပေးရန် ပြင်ဆင်နေကြောင်း သိရပါတယ်။

#KS

Football Cafe

No comments:

Post a Comment