Pages
▼
Monday, May 4, 2015
ဘိုင်ယန်နည်းပြ ဂွါဒီယိုလာကို သွယ်ဝိုက်တိုက်ခိုက်လိုက်တဲ့ မော်ရင်ညို
ဘိုင်ယန်နည်းပြ ဂွါဒီယိုလာကို သွယ်ဝိုက်တိုက်ခိုက်လိုက်တဲ့ မော်ရင်ညို
======================================
ချဲလ်ဆီးအသင်းအတွက် ရာသီမကုန်မီ ချန်ပီယံ ဖလားအား ဆွတ်ခူးပေးပြီးနောက် နည်းပြမော်ရင်ညိုသည် ဘိုင်ယန် မြူးနစ် နည်းပြ ဂွါဒီယိုလာအား သွယ်ဝိုက်တိုက်ခိုက် လိုက်သည်။
လာလီဂါတွင် ရီးရဲလ်အသင်းအား နည်းပြနေစဉ် မော်ရင်ညို၏ ရီးရဲလ်နှင့် ဂွါဒီယိုလာ၏ ဘာစီလိုနာတို့သည် ပြိုင်ဆိုင်မှု ပုံမှန်ထက် ပြင်းထန်ခဲ့ပြီး နည်းပြအချင်းချင်းလည်း မီဒီယာထက်မှ
သွယ်ဝိုက်ဝေဖန်ထိုးနှက်ခဲ့ကြသည်။ မော်ရင်ညိုက ရီးရဲလ်နှင့် လမ်းခွဲပြီး အသင်းဟောင်း ချဲလ်ဆီးဖြင့် ပြန်လည်ပူးပေါင်းခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ၎င်းအနေဖြင့် မိမိအမှန်တကယ် ချစ်မြတ်နိုးသော
အသင်းသို့ ပြောင်းရွေ့ရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ချန်ပီယံဆွတ်ခူးရန် လွယ်ကူသော၊ ပြိုင်ဘက်နည်းသော လိဂ်မှ အသင်းကြီးတစ်သင်းကိုသာ ရွေးချယ်ခဲ့သင့်ကြောင်း ပြောကြားလိုက်သည်။
၎င်းအနေဖြင့် အသင်းရွေးချယ်ရာတွင် အလွန်ညံ့ဖျင်းသူဖြစ်ကြောင်း၊ ထို့ကြောင့် ဖလားဆွတ်ခူးရန် ခက်ခဲလွန်းလှသော လိဂ်မှ မိမိစိတ်နှစ်ခဲ့ဖူးသည့်အသင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား သွားခဲ့သည်။
မော်ရင်ညိုက - "ကျွန်တော်ဟာ လိဂ်၊ အသင်းရွေးချယ်တဲ့နေရာမှာ ညံ့ဖျင်းတယ်၊ အမှန်ဆို ဖလားဆွတ်ခူးဖို့ လွယ်ကူတဲ့ နိုင်ငံ၊ လိဂ်မှာ ချန်ပီယံဖြစ်ဖို့ လွယ်ကူလှတဲ့ အသင်းတစ်သင်းကို ရွေးချယ်ခဲ့သင့်တယ်၊ ဒါပေမယ့်
ကျွန်တော် အရမ်းပျော်ခဲ့တဲ့နိုင်ငံ၊ အရမ်းပျော်ခဲ့တဲ့ လိဂ်က ကျွန်တော်ချစ်တဲ့အသင်းကို ရွေးချယ်ခဲ့တယ်၊ ချဲလ်ဆီးနဲ့ လမ်းခွဲပြီး (၁၀)နှစ်အကြာမှာပဲ တကျော့ပြန် ဖလားကို ဆွတ်ခူးနိုင်ခဲ့တယ်" ဟု ဂွါဒီယိုလာကို သွယ်ဝိုက်ထိုးနှက်လိုက်သည်။
ဆက်လက်ပြီးမော်ရင်ညိုက - "ကျွန်တော်နည်းပြခဲ့တဲ့ အသင်းတိုင်း ချန်ပီယံဖြစ်အောင် ကျွန်တော်စွမ်းဆောင်နိုင်ခဲ့တယ်၊ အင်တာ၊ ရီးရဲလ်၊ ချဲလ်ဆီး အားလုံး ချန်ပီယံဖြစ်ခဲ့တယ်၊ စပိန်မှာဆို ဘာစီလိုနာရဲ့ အကောင်းဆုံး အချိန်မှာတောင်
ရမှတ်(၁၀၀)နဲ့ ကျွန်တော် ချန်ပီယံဖြစ်ခဲ့တယ်၊ လာလီဂါအောင်မြင်မှုက ကျွန်တော့်အတွက် အမြိန်ဆုံး၊ အရသာ အရှိဆုံးပဲ၊ အနာဂတ်မှာတော့ ချန်ပီယံဖြစ်ဖို့ လွယ်ကူတဲ့နိုင်ငံလိဂ်မှာ ဖလားရဖို့ လွယ်တဲ့အသင်းတစ်သင်းကို ရွေးချယ်နိုင်အောင်
ကျွန်တော့်ကိုယ် ကျွန်တော် Smart ကျအောင် ကြိုးစားသွားပ့ါမယ်" ဟု ဂွါဒီယိုလာအားသွယ်ဝိုက် လှောင်ပြောင်သွားခဲ့သည်။
#အောင်ဇော်လတ်(မိုးနဲ)
Football Cafe
No comments:
Post a Comment